ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

8/07/2017

စိန္တာမဏိဂါထာတော်များ စုစည်းရာ


စိန္တာမဏိဂါထာတော်များ စုစည်းရာ။ (လင်းညို့တာရာ)

စိန္တာမဏိဂါထာတော်ဆိုတာနဲ့ ပတ်သက်လျှင် တော်တော်များများ မယ်တော်ဘီလူးမကြီး သားတော် ပဒကုလမင်းသားကို ပေးခဲ့တဲ့ ဂါထာတော်ပဲဆိုတာ စိတ်ထဲ ပြေးမြင်ကြပါလိမ့်မယ်။ မူအမျိုး ပုံစံအမျိုးမျိုး ကွဲနေကြသည့် ဂါထာတော်တွေလည်း အများကြီးပါ။ အဲ့ဒါကြောင့် ကျွန်တော်တတ်နိုင်သလောက် စုစည်းပေးထားပါတယ်။ မိမိတို့နှင့်သင့်တော်သော ဂါထာတော်မြတ်ကို ပွားများအားထုတ်နိုင်ကြပါစေ။



(၁) စိန္တာမဏိ မနောမယ ပတ္တမြားဂါထာတော်

         စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။

ထိုဇာတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်
မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း ” စသည်ဖြင့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။

       “  စိန္တာမဏိဂါထာတော် ”

 ၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၁။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဗုဒ္ဓံ= ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ= ဘုရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
        စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ ဓမ္မံ=တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ= တရားတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
         စိန္တာမဏိ ရတနာနိ= ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာ
တို့သည်။ သံဃံ= သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ= သံဃာတည်း
ဟူသော ရတနာတို့ကို။ သရဏံ= ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို။ ကာရံ=ကရောန္တော
=ပြုထိုက်သည်ဖြစ်၍။ ကရတိ= ပြုသောသူ၌။ ဣစ္ဆာ= ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။
ခိပ္ပမေ၀= ဆောလျင်စွာလျှင်။ သမိဇ္ဈတု= ပြည့်စုံပါစေသတည်း။
       
ဤစိန္တာမဏိဂါထာကို ရွတ်ဖတ်ပူဇော်လေ့ ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကို ကြို
တင်သိရှိနိုင်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ကွင်းနိုင်မည် ဖြစ်ပေသည်။ သို့သော်
အထက်ဖေါ်ပြပါနှင့် ပြည့်စုံလာလိမ့်မည်ဟု မျှော်လင့်ချက် အရင်းခံလျက် မပူဇော်သင့်ပါ။ “စိန္တာမဏိဂါထာတော်ကို ရွတ်ဖတ်ပူဇော်မည်ဆိုလျှင် အမျှော် ကင်းစင်သင့်ပါသည်။”
   
(၂) စိန္တာမဏိ မန္တန်တော်

စိန္တာမဏိ ဒီပကတံ ၊ ဘုမ္မိယ စောရပါရသ္မိ ။
ဒိဗ္ဗစက္ခုံပိ ဒိဿရေ ၊ စန္ဒာဒေဝီ အဿုမုခီ ။
စိန္တာမဏိ ပိယံမမ ၊ ဓနံ ယသံ ဒါသ ဒါသီ ။
ယောမံ ပဿတိ ဒိဋ္ဌေဟံ ၊ မာတာ ပုတ္တံဝ သြရသံ ။

အဿုမုခီ = မျက်ရည်ယိုသော မျက်နှာရှိသော ၊
စန္ဒာဒေဝီ = စန္ဒာဒေဝီဘီလူးမသည် ၊
စိန္တာမဏိ = ပေးအပ်သော စိန္တာမဏိ မန္တန်သည် ၊
ဒီပကတံ = မှီရာကျွန်းသဖွယ်ကို ပြုတတ်၏ ၊
ဘုမ္မိယစောရ ပါရ သ္မိ = မြေပြင်၌ သွားလာသော
သူခိုးဖမ်းယူရာ၌ ၊ ကမ်းတဖက်သို့ ရောက်သည်
ဖြစ်၏ ။ ဒိဗ္ဗစက္ခုံပိ = နတ်မျက်စေ့အလား ၊ ဒိဗ္ဗစက္ခု
သည်လည်း ၊ ဒိဿရေ = ထင်၏ ။
စိန္တာမဏိ = စိန္တာမဏိမန္တန်သည် ၊ မမ = ငါ့အား ၊
ပိယံ = သတ္တဝါဟူသမျှ ချစ်ခြင်းသည် ၊
( ဟောတု = ဖြစ်စေသတည်း ) ။ ဓနံ = ဥစ္စာသည်
လည်းကောင်း ၊ ယသံ = အခြံအရံသည်လည်း
ကောင်း ၊ ဒါသဒါသီ = ကျွန်ယောင်္ကျား ၊ ကျွန်မိန်းမ
သည်လည်းကောင်း ၊ ( ဟောတု = ဖြစ်စေသတည်း )
ယော = အကြင်သူသည် ၊ မံ = ငါ့ကို ၊
ပဿတိ = ကြည့်မြင်၏ ၊ သော = ထိုသူသည် ၊
မာတာ = မိခင်သည် ၊ သြရသံ = ရင်၌ဖြစ်သော ၊
ပုတ္တံဝ = သားကဲ့သို့၊ အဟံ = ငါ့ကို ၊
ဒိဋ္ဌေ = မြင်စေသတည်း ။

( ၁ ) ရေ / မီး လှူ ။
( ၂ ) စန္ဒမုခီ ဘီလူးမအတွက် ၊ အလင်းတိုင် /
        အမွှေးတိုင်လှူ ။
( ၃ ) ( ၇ ) ခေါက်သာ - ပုံမှန်ရွတ်ရမည် ။
                လျှော့ / တိုး  မရှိစေရ ။

အကျိုးမှာ လူ / နတ် ချစ် ။ ရည်ရွယ်ချက် အောင်မြင် ။
စီးပွားတက်လေသည်။

(၃) စိန္တာမဏိမန္တန်တော်တစ်မျိုး

     စိန္တာမဏိ ဒီပကရံ
     ဘုမိယ စောရ ပါဒသ္မိံ။
     ဒီပ စက္ခုမှိ ဒိဿရေ
     စိန္တာဒေဝီ အဿမုခိ။
     စိန္တာမဏိ ပိယံမမ
     ဓနံ ယသ ဒါသဒါသီ။
     ယောမံ မဿတိ သိနေဟံ
     မာတာ ပုတ္တံဝ သြရသံ။ ။

အနက်။  ။စိန္တာမဏိ-အရာရာတိုင်းဆုတ်ဆိုင်းမရှိကြံတိုင်းပြည့်စေတတ်သောမြတ်စွာဘုရားသည်။ဘုမိယ စောရ ပါဒသ္မိံ-ခန္တာငါးပါးတည်းဟူသောဝိပဿနာဥာဏ်၏တည်ရာမြေ၌ကိလေသာတည်းဟူသောသူခိုး၏ခြေရာဖြစ်ပေါ်ပုံအခြင်းအရာကို။ဒီပကရံ-ဆီမီးသဖွယ်ထင်ရှားမြင်သာအောင်ပြုစွမ်းနိုင်ပါပေ၏။ဒီပ စက္ခုမှိ-ဥာဏ်ပညာတည်းဟူသောဆီမီးသည်။ဒိဿရေ-ထွန်းလင်းတောက်ပသည်ရှိသော်။စိန္တာဒေဝီ-ကြံစည်တိုင်းအောင်မြင်မှုကိုပေးစွမ်းနိုင်ပေ၏။အဿမုခိ-မြတ်စွာဘုရားသည်ကြည်လင်သောမျက်နှာအဆင်းရှိပါပေ၏။ဓနံယသဒါသဒါသီ-စီးပွားဥစ္စာကျော်စောသတင်းအကျွန်ယောက်ျားအကျွန်မိန်းမအလုပ်သမားလက်အောက်ငယ်သားအပေါင်းသည်။မမ-ငါ့အား။ပိယံ-ချစ်ခင်မြတ်နိုးနှစ်သက်စိုးမိုးစေခြင်းကို။ဒေတု-ပေးစွမ်းနိုင်ပါစေသတည်း။ယော-အကြင်သူသည်။မံ-ငါ့ကို။မဿတိ-မြင်၏။သော-ထိုသူသည်။မံ-ငါ့အား။မာတာ-အမိသည်။သြရသံ-ရင်၌ဖြစ်သော။ပုတ္တံ-သားကို။သိနေဟတိဣဝ-ချစ်ခင်မြတ်နိုးနှစ်သက်သကဲ့သို့။သိနေဟံ-ချစ်ခင်မြတ်နိုးခြင်းကို။ကရောတု-ပြုစွမ်းနိုင်ပါစေသတည်း။  ။

ဤမန္တန်တော်သည်မိခင်ဘီလူးမကြီးကိုအမျိုးဇာတ်မတူသောမိခင်ဟုဆိုကာဖခင်အားထမ်း၍ထွက်ပြေးသွားသောလူသားနှင့်ရသောသားအားမြစ်တဖက်ကမ်းမှနေ၍ပေးခဲ့သောမန္တန်တော်ဖြစ်သည်။

တတ်ကျွမ်းနားလည်သော ဆရာများ အမှားပါလျှင်ပြင်ပေးစေချင်ပါတယ်။

ဤမန္တန်လေးကတော့ မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်တင်ရွတ်နိုင်မယ်ဆိုရင် အနက်ထဲက အကျိုးကျေးဇူးများအပြင် ဥစ္စာပစ္စည်း ပျောက်ဆုံးခြင်းများအား မနောဖြင့်ရှာဖွေနိုင်မှာ ဖြစ်သည့်အပြင် လူပျိုဆိုရင်အပျိုလေးတွေလဲ ဝိုင်းဝိုင်းလည်နေမယ်လို့ မန္တန်အညွှန်းမှာ တွေ့ရပါတယ်။

(မှတ်ချက်။  ။ဥစ္စာပစ္စည်းနှင့် ပတ်သက်၍တရားခံအား မည်သူမည်ဝါမဖော်ထုတ်ပါနှင့် အပျိုတွေပေါတိုင်းလည်း သစ္စာမပျက်ပါနှင့် အထူးသတိပြုပါလေ)

(၄) ရှားပါးသော စိန္တာမဏိ ဂါထာတော်ကြီး (ဆဗ္ဗမင်္ဂလ မဟာမန္တန်တော်)

ဥုံမ် သျှရီ သျှရီ ဂဏှေသျှ သျှရီ သျှရီ ဆဗ္ဗစိန္တံ ၊
ဆဗ္ဗမင်္ဂလံ ဟရွှံ ဟရွှံ ဟသျှီ၊
မဟိန္ဒြို  ၊ နရစန္ဒြို  ၊ အာခိန္ဒြို  ၊ ဗြဟ္မစန္ဒြို  ၊
နရစနြ္ဒို ဗေဒြဟရာ
ဲဂြယဟရာ အာသျှူ သျှရာ
ကာသသျှာ စိန္တာမုဏိ ကောဝ
မရွှံ မရွှံ တြွံတရာ အရွှံ လင်္ကာစံ ၊
ကြုရုပ္ပန္တု  ဇေယျ မင်္ဂလံ ။
-----------------------------------
အနက် ။ ။ ကြံစည်တိုင်း ပြီးစီးအောင်မြင်သော ပတ္တမြားရတနာဟု မူရင်းအဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် ဒီဂါထာတော်ကြီးမှာ ကြံစည်တိုင်း ပြီးမြောက်အောင်မြင်စေသော ပတ္တမြားရတနာတစ်ဖွယ် ကြီးကျယ်သော တန်ခိုးရှိသည့် ဂါထာတော်ဟူ အဓိပ္ပာယ်ရသည်။ ထိုဂါထာတော်ကို စိန္တာမဏိဂါထာတော်ဟူ ခေါ်ပြီး မန္တန်တော်အရ
ဆဗ္ဗမင်္ဂလ မဟာမန္တန်တော်ဟု ခေါ်ပါသည်။ သျှရီသည် သီရိဟူသော အဓိပ္ပာယ်ဖြစ်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အဓိပ္ပာယ်ဖြစ်ပေသည်။ ဂဏှေသျှသည် မဟာပိန္နဲနတ်ဖြစ်ပြီး ဆင်ဦးခေါင်း နှင့် ဗြဟ္မာမင်းကိုယ်ရှိပြီး လက်လေးဖက်ရှိသည်။ လက်တစ်ဖက်တွင် ခရုသင်း ၊ စကြာ ၊ တင်းပုတ် နှင့် ကြာပွတ်တို့ ကိုင်ဆောင်ထားသည်။ မဟာပိန္နဲဆိုသည်မှာ မဟာဗြဟ္မာပိင်္ဂလ ဖြစ်သည်။ မဟာဗြဟ္မမင်း နှင့် ပိင်္ဂလဆင်ဦးခေါင်းတို့ကို ဆက်စပ်ထားခြင်း မဟာပိန္နဲဟု အတိုကောက်ခေါ်ကြသည်။ ဆဗ္ဗစိန္တံသည် သဗ္ဗစိန္တံဖြစ်၍ အလုံးစုံသော အကြံအစည်များကို အောင်မြင်စေသတည်း။ ဆဗ္ဗစိန္တံသည် သဗ္ဗစိန္တံဖြစ်၍ အလုံးစုံသော ကျက်သရေမင်္ဂလာအပေါင်း ခညောင်းပါစေသတည်း။ ဟရံ ဟရီသည် ကောင်းမြတ်ပါစေ (သို့) ဂါထာမန္တန်တန်ခိုးတော်ကြောင့် စည်းစိမ်ဥစ္စာရတနာများ တိုးပွားလာပီး ရတနာမိုး ရွာသွန်းဖြိုး ချမ်းသာပါစေသတည်း။ စိန္တာမုဏိ ကောဝသည် ဒီဂါထာတော်ကို ရွတ်ဆိုပူဇော်သောကြောင့် တန်ခိုးက်မြင်မှုမှာ တုနှိုင်း၍ မရအောင်ပင် ဖြစ်ချေသည်။ မေ-ဇေယျမင်္ဂလံသည် လိုအင်ဆန္ဒမှန်သမျှ နှင့် အလုံးစုံသော မင်္ဂလာကျက်သရေအပေါင်းသည် ကျွန်ုပ်အား ခညောင်းပါစေသတည်း။
-----------------------
ဂါထာတော်သည် အလွန်အစွမ်းထက်သော ဂါထာတော်ဖြစ်သဖြင့် ယုံယုံကြည်ကြည်ဖြင့် ရွတ်ဆိုပူဇော်ခြင်းဖြင့် ရန်ဟူသမျှအောင်မြင်ပြီး လိုရာဆန္ဒပြည့်ဝကာ ရတနာမိုးသွန်းဖြိုးရွာသကဲ့သို့ ချမ်းသာခြင်းကို ပေးဝေနိုင်သော ဂါထာတော်မြတ်ဖြစ်ပါသည်။ အလွန်ရှေးကျပြီး ရှားပါးသော ဂါထာတော်တစ်ခုလည်း ဖြစ်ပါသည်။း

(၅) စိန္တာမဏိ အဖုံးဂါထာမန္တရား( အဖိုဂါထာ)

သြောင်းနမောအနန္တာ ကောဋိကပ္ပေါ သဗ္ဗညုတဉာဏော သဗ္ဗဒေဝ ဂုဏော စိန္တတိ စိန္တော စိန္တနတ္တေန စိန္တာ မဏိယော မနောမယ ဂြဟိတော အတုလျဝရဂုဏ ဓမ္မော သဗ္ဗကာမရောဓိနော ပူရဏော စိန္တာမဏိ ဗြသိဒ္ဓေါ ဗြဝဏ္ဏော ပဝရော တြိဘာဝနံ သွာရော သုဂတော သဗ္ဗဝေရီနံ နိဝါရဏော အကာလ မရဏံ နိဝါရဏော မတျူ ဝဉ္စန ဒီဃာယုကော သိဒ္ဓိကရော ပုညဝန္တော မဟာတေဇော မဟာလာဘော မဟာယကော ဘာဂျဝန္တော ဓိဌဓမ္မ ဝေဒနိယ ဘူတော အရိယ ဖလဝရ ဓမ္မော အဟံ မန္တော အနန္တ သမ္မာသမ္ဗုဒ္ဓေါ ဝိသုဒ္ဓိဒေဝေါ နရာသဘော ပရမေ သွာရော မဟာဒေဝေါ ဝရဂဏပ္ပတော ဣန္ဒ ဒေဝေါ မဟာဗြဟ္မာ မဟေသွာရော ဘုမ္မိဝသုန္ဒရော မဉ္စု သီရိကော မဏိမေခလာ အာကာသဒေဝေါ ရုက္ခဒေဝါ နာဂေါ သုပဏ္ဏော ဂန္ဓပ္ပော စတုလောကပါလော သူရိယော စန္ဒိမာ နက္ခတ္တတာရကာ ဟိမဝန္တာ သိန္နေရု ပပ္ဗတော စက္ကဝါဠ သီလုစ္စယော သတ္တပပ္ဗတော ဂင်္ဂါ ယမုနာ အစိရဝတီ မဟီ သရဘူ ဇမ္ဗူ ရုက္ခော ကဒပ္ပော ကပ္ပရုက္ခော သီရိသော ပါဋလိ သိပ္ပလိ ပါရိဆတ္တကော ဆဒ္ဒန္တော ဧရာဝတဏ္ဏော ဥသဘော ဧတေ ဒေဝါဧက ပုတ္တံ ဝမံသမ္ပာ လေန္တု သီရိန္ဒဒေါ ဝေပုလ္လ ပဗ္ဗတာ ဖေဿာ မနောဟရော မဏိရတနံ ဝိယသဗ္ဗကာမ ပုရဏော ဂုရုဂါရဝါဒိ သရဇ္ဈာ ယန္တာနံ ပဝရော သမ္မာ သမ္ဗုဒ္ဓေန ဒေသိတော အယံ မန္တော စိန္တ နတ္တေန စိန္တာမဏိယော နာမာတိ ဣစ္ဆေတံ အာသနံ တိဌတု တိဌတု ဒီပါယ ဒီပါယ ဝသာယ ဝသာယ ဒဒါတု ဒဒါတု စိန္တာမဏိ ရတနာနံ မံပါလေတု ပါလေတု ဟုလုဟုလု အြာဟယ် သြာဟာယ် သုဟအာယ် သြာဟံုဟံု သြာဟံုဟုံll

ဤစိန္တာမဏိ အဖိုဂါထာကို ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များအမြဲရွတ်၏။ စိန္တာမဏိ အမဂါထာသည်လည်း ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ အမြဲရွတ်ကြကုန်၏။ 
လောကီဆရာသုံး စိန္တာမဏိ အဖို အမ ဂါထာရယ်ဟူ၍  ရှိပါသေးတယ်။ ကျမ်းဂန်ထဲတွင် ဆက်လေ့လာပါ။ 

#လင်းညို့တာရာ (ရှာဖွေတင်ဆက်ပါသည်)
#မနောမယဂျာနယ်

No comments: