ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

10/02/2017

သမ္ဗုဒ္ဓေအကြောင်းသိကောင်းစရာ နှင့် သမ္ဗုဒ္ဓေဂါထာတော်များ


သမ္ဗုဒ္ဓေ ဘယ်ကရလာသလဲဆိုတာလေလေး ဂါထာတော်တွေ မပြောခင် အအရင်ဆုံးပြောကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်ရွတ်နေကြ ဂါထာမှာ ဖော်ပြတဲ့အတိုင်း ဘုရားရှင် (သမ္ဗုဒ္ဓေ)ပေါင်း ၅၁၂ဝ၂၈ ဆူဆိုတာကို တွေ့ရှိရပါတယ်။ အဲ့ဒီ ဘုရားအဆူများနှင့်ပတ်သက်ပြီး ဘယ်လိုဖြစ်လာတယ်ဆို တာကို ကျမ်းဂန်မှာဖွေရှာရင်း စိတ်ဝင်စားဖွယ် ယုံကြည်မှုကွင်းဆက်တွေကို တွေ့ရတယ်။ ဗုဒ္ဓဝံသပါဠိ၊ စရိယပိဋကပါဠိနဲ့ မိလိန္ဒပဉှပါဠိကျမ်းတွေမှာ ပွင့်တော်မူပြီး ဗုဒ္ဓ ၂၇ဆူ(ဂေါတမဗုဒ္ဓပါရင် ၂၈ဆူပြတယ်။ ပထမဆုံး ထေရဝါဒအဖွင့်ကျမ်းဖြစ်တဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိမဂ္ဂ ၁၊ ၂၉၁)မှာ သမ္မာသမ္ဗုဒ္ဓဖြစ်လာ ဖို့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရကြောင်းဆိုတယ်။


သုတ္တနိပါတအဋ္ဌကထာ(သုတ္တနိ-ဋ္ဌ ၁၊ ၄၃)နဲ့ အပဒါနအဋ္ဌကထာ(အပဒါန-ဋ္ဌ ၁၊၉၅)တွေမှာတော့-
(၁) ပညာအထူးပြု ဘုရားရှင်တွေက လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်း
(၂) သဒ္ဓါအထူးပြု ဘုရားရှင်တွေက ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
(၃) ဝီရိယအထူးပြု ဘုရားတွေက ၁၆အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ရကြောင်းနဲ့ ဂေါတမဗုဒ္ဓဟာ ပညာအထူးပြုဗုဒ္ဓဖြစ်ကြောင်းဆိုတယ်။

ဒီကျမ်းတွေမှာ ဗုဒ္ဓရှင်တော်မြတ်က အရှင်အာနန္ဒာကို မိန့်ကြားတဲ့ အနေနဲ့ဆိုပေမယ့် ဒီအဆိုပါဠိတော်မူရင်းကို နိကာယ်ငါးရပ်မှာ ရှာမတွေ့တာကတော့ ထူးခြားပါတယ်။ ပြီးတော့ ဒီကျမ်းဂန်တွေမှာ ဂေါတမဗုဒ္ဓ ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင်တွေရဲ့ အရေအတွက်ကို အတိအကျမဖော်ပြဘူး။ ဒီအဋ္ဌကထာကျမ်းတွေကို ယေဘုယျအနေနဲ့ အေဒီ ၅ရာစုနဲ့ ၆ရာစုမှာ ရေးခဲ့ တာဖြစ်လို့ အဲဒီခေတ်အထိ သမ္ဗုဒ္ဓေ (ဂေါတမဗုဒ္ဓပါရမီဖြည့်တဲ့ဘုရား) အရေအတွက် မတိကျသေးဘူး လို့ ဆိုနိုင်မလားပဲ။

ယိုးဒယားနိုင်ငံမှာရေးတဲ့ သောတတ္ထကီမဟာနိဒါန (ပါဠိဘာသာ)ကျမ်း ( PTS, London, p. 4, 5 )နဲ့ ဇိနကာလမာလီ(ပါဠိဘာသာ)ကျမ်း (PTS, London, p. 5, 24) တွေမှာတော့ -

စိႏၲိတံ သတၱ သေခ်ၤယ်ံ၊ နဝ သေခ်ၤယ်ဝါစကံ။
ကာယဝါစာ စတုခ်ာတံ၊ ဗုဒၶတၱံ သမုပါဂမိ။

ဘုရားဖြစ်ဖို့ စိတ်ကကြံစည်တာ ခုနစ်အသင်္ချေ၊ စိတ်ရောနှုတ်ပါ ပါရမီဖြည့်တာ ကိုးအသင်္ချေ၊ ကိုယ်နှုတ်နှလုံးသုံးပါးစလုံးနဲ့ ပါရမီဖြည့်တာ လေးအသင်္ချေ၊ စုစုပေါင်း ၂ဝအသင်္ချေနဲ့ နောက်ထပ်ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီဖြည့်ပြီးမှ ဗုဒ္ဓအဖြစ်ကိုရတယ်လို့ ဆိုတယ်။ ဒါ့အပြင် ပါရမီဖြည့်ခဲ့တဲ့ ဘုရား ရှင်အရေအတွက် ကိုလည်း အတိအကျဖော်ပြတယ်။ စိတ်ကြံ ခုနစ် အသင်္ချေကာလကို စတင်ခဲ့တဲ့ဘုရား ရှင်တစ်ဆူ(ပေါရာဏဒီပင်္ကရဘုရား)၊ နှုတ်ပြောစိတ်ကြံ ကိုးအသင်္ချေပါရမီဖြည့်ကာလအတွင်း ၁၂၅ဝဝဝ ဆူ၊ ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ လေးအသင်္ချေအတွင်း ၃၈၇ဝဝဝ ဆူ၊ ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ ပါရမီဖြည့် တဲ့ ကမ္ဘာတစ်သိန်းမှာ ၂၇ဆူ၊ သမ္ဗုဒ္ဓေ(ပါရမီဖြည့်ခံဘုရားရှင်) စုစုပေါင်း ၅၁၂ဝ၂၈ဆူ ဖြစ်ပါတယ်။

 ဗုဒ္ဓဂေါတမပါရမီဖြည့်တဲ့ ဘုရားပေါင်းအတိအကျကို ဖော်ပြတာဟာ ထေရဝါဒနောက်တိုး အယူအဆသစ်ဖြစ်ဖွယ်ရှိပြီး ဒီအယူ အဆဟာ ဗုဒ္ဓရဲ့ပါရမီဖြည့်ကာလ ရှည်ကြာမှုအယူအဆ စတင်ခဲ့တဲ့ သီဟိုဠ်၊ ပုလတ္ထိ (Polonnaruva)ခေတ် (အေဒီ၁၁-၁၃ရာစု)လောက်မှာ စတင်ခဲ့ကြောင်းဆိုတယ်။ အေဒီ ၁၅ဝ၈ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပြည်မြို့နေ အရှင်သာဂရ ဗုဒ္ဓိမထေရ်ရေးစီရင်တဲ့ သီမဝိသောဓနီပါဌ်(စာ၊ ၇)မှာ ဇာတတ္ထကီသောတ္ထကီကျမ်းအမည်နဲ့ အထက်ပါဂါထာကို ကိုးကားဖော် ပြပါတယ်။

အေဒီ ၁၄၄၂ခုနှစ်၊ ပုဂံကဘုန်းကြီးကျောင်းတစ်ခုကို လှူ ဒါန်းတဲ့ စာအုပ်စာရင်းမှာ သောတတ္ထကီမဟာနိဒါနကျမ်းရဲ့ အမည်ပါ တယ် (Pali Literature of Burma, p. 104)။ ဒါကြောင့် အဲဒီအချိန် က မြန်မာနိုင်ငံမှာ သမ္ဗုဒ္ဓေအယူဆရှိနေပြီလားလို့ စဉ်းစားစရာပါပဲ။

ဂေါတမဗုဒ္ဓဟာ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း သို့မဟုတ် စိတ်ကြံနှုတ်ပြောပါထည့်ပြီး ၂ဝ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဆည်း ပူးရတဲ့ ပညာအထူးပြုဗုဒ္ဓဖြစ်ပါတယ်။ အမှာကံ ဘဂဝါ ကပ္ပ သတသ ဟဿာဓိကာနိ စတ္တာရိ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ ဗုဒ္ဓဘာဝံ ပတ္တော ပညာဓိကော နာမ ပညိန္ဒြိယဿ ဗလဝတာ (ဇိနကာလမာလီ၊ ၂၆)။ သမ္ဗုဒ္ဓေဂါထာအရ ပညာဓိက (ပညာအထူးပြု) ဘုရားရှင်တွေဟာ ဘုရားရှင်ပေါင်း ၅၁၂ဝ၂၈ ဆူနဲ့ တွေ့ဆုံပါရမီဖြည့်ရဖွယ်ရှိတယ်။

မဟာယာနနဲ့ တခြားဗုဒ္ဓဝါဒဂိုဏ်းကွဲတွေမှာလည်း ဗုဒ္ဓပါရမီ ဖြည့်တဲ့ ဘုရားရှင်အရေအတွက်ကို ဖော်ပြတယ်။ ကွဲလွဲမှုတော့ရှိတယ်။ မဟာယာနတို့ရဲ့ ရှေးဦးဗုဒ္ဓဝင်လလိတဝိတ္ထာရကျမ်း (Bijoya Goswami, Lalitavistara , p. 6-7)မှာ ဂေါတမဗုဒ္ဓ ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင် ၅၅ ဆူတို့ရဲ့အမည်ကို ပြဆိုတယ်။ 

သမိတ္တိယနဲ့ မူလသဗ္ဗတ္ထိဝါဒစတဲ့ တချို့ ဗုဒ္ဓဝါဒဂိုဏ်းကွဲတွေမှာတော့ ပါရမီဖြည့်ဘုရားရှင်ပေါင်း ၂၂၈ဝဝဝလို့ ဆိုပါသတဲ့ (E. Obermiller, History of Buddhism I, p. 103)။

ဒါကြောင့် သမ္ဗုဒ္ဓေဟာ တခြားသော ဗုဒ္ဓဝါဒဂိုဏ်းကွဲတွေရဲ့ အယူအဆ
နဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်။ ဆိုလိုတာက အဲဒီဂိုဏ်းတွေရဲ့အယူအဆနဲ့ ရောထွေးသွားတာလည်း ဖြစ်နိုင်တယ်။ အာဋာနာဋိယသုတ် (ဒီ ၃၊ ၁၉၆)မှာ ''ထိုဝိပဿီစသော ဘု ရားခုနစ်ဆူ၊ ထိုမှတစ်ပါး ကုဋေရာပေါင်းများစွာသော ဘုရားရှင်တို့ သည်...(ဧတေ စညေစ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော)''လို့ ဟောပါတယ်။ ဒါကြောင့် သင်္ချာအတိအကျ သတ်မှတ်ပြတာကလွဲပြီး အခြေခံ မူရင်းအယူ အဆတူလို့ 'သမ္ဗု ဒ္ဓေ'ရဲ့အစွမ်းသတ္တိ ထက်မြဲ ထက်နေမှာပဲလို့ သတ်မှတ်ထားပါကြောင်းပါ။

ကျွန်တော်စုဆောင်းရှာဖွေထားသော သမ္ဗုဒ္ဓေဂါထာတော်များပါ။ သမ္ဗုဒ္ဓေအသုံးကတော့ အများကြီး ကျယ်ပြန့်ပါတယ်။ ရှေးဆရာကြီးတွေ ပြောသလိုပြောရရင်တော့ ဥာဏ်ရှိသလို သုံးကြပါ.။ အချို့အကျိုးတွေကတော့ ပရလောက မှ
အမှောင့်ပယောဂ၊ စုန်း ကဝေ သရဲ စတာတွေ လုံးဝ မနှောက်ယှက်နိုင်တာ ကိုယ်တွေ့ပါပဲ၊ အချုပ်အနှောင် တွေ၊ သူတပါး စွပ်စွဲ ခံရတာတွေ ပျောက်စေနိုင်ပြီး ကား ရထား လေယာဉ် စီးသူတွေအနေနဲ့ မသွားခင် သွားဆဲ
ရွတ်ပွားနေသင့်ပါတယ်။သမ္ဗုဒ္ဓေရွတ်ဆိုခြင်း အကျိုးလင်္ကာတော့ ရှိပါတယ်.။

အကျိုးသွားလင်္ကာ..။

မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တော်၊ ခေါ်လျှင်ဒသ၊ သတ္တတြိန်း၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး၊ ကိုးကြိမ်နိုးလော့၊ ချုပ်မိုးညဥ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၍၊ ရန်သူတွေ့မြောက်၊ ဆယ့်တစ်ခေါက်တည့်၊ စစ်ရောက်သောခါ၊ ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍ သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊ ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွေးချေက၊ ရွတ်လေနှစ်ခေါက်၊ ခရီးရှောက်ရာ၊ ခေါင်းမှာ တင်စိုက်၊ ရန်ဘေး နိုက်လည်း၊ မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလွတ်ငြိမ်း၏၊ ရှောင်တိမ်းရောဂါ၊ ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စွာမြတ်နိုး၊ ရေဖြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲ့စလောက်၊ ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏အကျိုးတည်း။

လင်္ကာ၏ အဓိပ္ပာယ်
၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇)ခေါက်ရွတ်ဖတ်ပါ။
၂။ ခေါင်းလျှော်လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၀)ခေါက်ရွတ်ဖတ်ပါ။
၃။ ထမင်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ဖတ်ပါ။
၎။ ဆီလိမ်းလျှင် သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ဖတ်ပါ။
၅။ လှေစီးလျှင် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ဖတ်ပါ။
၆။ နံ့သာလိမ်းခြင်း-ပန်းပန်ခြင်း၌ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၇။ အိပ်ရာဝင်လျှင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၈။ ရန်သူနှင့် တွေ့လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ဖတ်ပါ။
၉။ စစ်ထိုးစစ်ဆင်ပြုရာတွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၁၀။ မီးမဖွားနိုင်လျှင် ဤသမ္ဗုဒ္ဓေဂါထာကို ရေ၌ (၉)ခေါက်ရွတ်၍တိုက်ပါ။
၁၁။ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရလျှင် သမ္ဗုဒ္ဓေဂါထာတော်ကို အခေါက်ပေါင်း (၁၀၀၀) တစ်ထောင်ရွတ်ဖတ်ပါ။
၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာဖြင့် (၂)ခေါက် ရွတ်ဖတ်၍ ယင်းပန်းကို ဆောင်ယူ အရံအတား ပြုသွားပါက ရန်ဘေး ကင်းသည်။ ရောဂါနှိပ်စက်မူမှလည်း ကင်းဝေးရသည်။ စိုးရိမ်သောက ဗျာပါရမူတို့မှလည်း ကင်းဝေးရသည်။

 ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် မိမိဘ၀၌ ရေပြည့်အိုးပမာ တိုးတက်လျက်သာ ရှိနေမည်။ မညိုးသော ပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ လမင်းကြီး တင့်တယ်မူကဲ့သို့ တင့်တယ်မူမျိုးကိုလည်း ရမည်။

(၁) အရှေ့ကျွန်း သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ သဗ္ဗတေဇံ သဗ္ဗဂုဏံ၊
သဗ္ဗသုခံ လဘတုမေ၊ ဆရ၀ီ ဆာရာ ဆရီစ ဆာယံ၊
ပဉ္စဗုဒ္ဓါ မဟာတေဇံ၊ သဗ္ဗညုတ ဥာဏ၀ရံ၊
သဗ္ဗသတ္တရု သဗ္ဗဘယံ၊ ၀ိနဿန္တု အသေသတော။

(၂) မြောက်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ပဉ္စသတ သဟဿာနိ၊
ဒွါဒသဉ္စ သဟဿကေ၊ ဂင်္ဂါယံ ၀ါဠုကာ စုဏ္ဏေ၊
ပရာဇေတွ မဟာပုလ္လေ၊ နမာမိ သိရဿာမဟံ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန - နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

(၃) အနောက်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ၊
ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊ ဒွတ္တိံသစ မဟာဗုဒ္ဓေါ၊
ပဉ္စ၀ီသာ ဗုဒ္ဓါ နေတ္တိ၊ တေတ္တိံ သ ဗုဒ္ဓဘာဝနာ၊
ဧတေန ဗုဒ္ဓဂုဏေန၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

(၄) တောင်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ၊
အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အဒရေန နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

(၅) အောင် သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသတိ၊ မမ ဂစ္ဆတိ ပုရတော၊
ပဉ္စဗုဒ္ဓါ မဟာတေဇာ၊ မမ သီသေနိ သီ ဒတိ၊
ဒိဗ္ဗတီတံ မံ ရက္ခန္တု၊ မေဇယမင်္ဂလံ၊
အဂ္ဂံ သဗ္ဗေပိ မေ နမဿာမိ၊ ဂုဏေ အာပတ္တိ ပုဂ္ဂလေ၊
အရိယာနဉ္စ သဗ္ဗေသံ၊ သာဝကာနဉ္စ သဗ္ဗသော။

(၆) သမ္ဗုဒ္ဓေ အနုလုံ ပဋိလုံဂါထာတော်

ဥုံ သဟဿ သမ္ဗုဒ္ဓေအဋ္ဌ ၊ ၀ီသဉ္စ ဒွါဒသဉ္စ ပဉ္စ။ 
သတ သဟဿာနိ ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ၀ါဠုကာ ၊ ဓမ္မဉ္စ ဇိနံ အာဒရေန ။
နုဘာဝေန ဟိတွာ ၊ ဗုဒ္ဓ နမော နမက္ကာရာ ။
ဟိမံ သဗ္ဗေ ဥပဒ္ဒဝေ ၊ ဘဂ၀ါသာ နတ္ထိ နမော။
သ စ သ မ အ ဒ န ဝေ ၊ အ စ ဂုံ စ အဟံ နာမံ မာနာ မေန္တု။
ဒေသပ္ပ အန္တဉ္စ မဟိကအ ၊ မဟာနိပ္ပနိသံ ဟန္နာအသေ။
နသံဘူယန သန္တဿ ၊ ဒီကေမာဝါတဉ္စ မဘေဒတော။
ပနိလုဒိအဂ္ဂါ ဥကာသံ ၊ တဉ္စတိကံ နန္တရာ ပတ္တိဂုံ။

(၇) သမ္ဗုဒ္ဓေ အနုလုံ ပဋိလုံဂါထာတော် (နောက်တစ်ဂါထာ)

အဋ္ဌ ၀ီသဉ္စ သမ္ဗုဒ္ဓေ ၊ ဿကေသဟဒွါဒသဉ္စ။  
သဟဿာနိ သတ ပဉ္စ ၊ မဟံ သိရသာ နမာမိ။
 ဂဂါၤ ၀ါဠဳကာ အပၸကံ ၊ ဇိနံ နိဗၺဳတံ အနႏၱံ။ 
ဓမ္မဉ္စ သံဃဉ္စ တေသံ ၊ မဟံ နမာ အာဒရေန။ 
နုဘာဝေန နမက္ကာရာ ၊ ဥပဒ္ဒဝေ သဗ္ဗေ ဟိတွာ။ 
အန္တရာယာပိ အနေက ၊ အသေသတော ၀ိနဿန္တု။

(၈) သမ္ဗုဒ္ဓေ တံစဉ်းစုပ်(လည်စည်းစုပ်)ဂါထာတော်

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ။
အတီတေ နာဂတေဗုဒ္ဓေ ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ။
ဒွေ ယော ပစ္စေကဗုဒ္ဓါနံ ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။

(၉) သက်တမ်းအစောဆုံးရှိနှင့်နေပြီး ဖြစ်သော သီဟိုဠ်သမ္ဗုဒ္ဓေဂါထာတော်

ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ။ ဗုဒ္ဓါ အနုန္နာသုဟလာ ဓိသင်္ခယေ။
ဗုဒ္ဓါ ရိယာဃေ ပကု လက္ခကပ္ပကေ။  ၀န္နာမိ တေ ဇိရနိရက္ကမေ အဟံ။

(၁၀) သမ္ဗုဒ္ဓေ အဖုံးဂါထာတော်

၁။ အဋ္ဌ၀ီသတိ သမ္ဗဒ္ဓေါ ၊ မမ သီသေ ပတိဋ္ဌိတော။ ပဉ္စ ဗုဒ္ဓါ မဟာတေဇော ၊ သီသေ မိမိ ဇိ ၀ဋ္ဌိကံ။

၂။ ဇယန္တော ဗောဓိယာမူလေ ၊ သကျ ဇိန နရာသဘံ။ ဗောဓေဟိ ဇိနောလောကဿ ၊ ဇိနေ နာထိ ပုဂ္ဂလော။
၃။ သမ္မာသတိ သမ္မာဓိတိ ၊ မေတ္တာ စိတ္တေန မံ သဗ္ဗေ။ အရောဂေန ဒိနေ ဒိနေ ၊ အန္တေရာယော ၀ိနဿန္တု။ 

(၁၁) “ယက္ကန်းစင်တောင်ဆရာတော် အမြဲရွတ်ဖတ်တော်မူသော”သမ္ဗုဒ္ဓေကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသေ သဟဿကေ ။
ပဉ္စသတ သဟဿ ကေ။ ဂင်္ဂါ ဝါဠုကာ တိက္ကန္တေ။
အပ္ပမေယျ ဇိနုတ္တရေ၊ အနန္တနိဗ္ဗုတေ ဇိနေ။
တေသံ ဓမ္မေစ သံဃေစ၊ အာဒရေန နမာမဟံ။ 
နာမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာ ပိ၊ ဝိ နဿန္တု အ သေသတော။ 

(၁၂) “ဘိုးဘိုးအောင်၏ သမ္ဗုဒ္ဓေဂါထာကြီး”

သမ္ဗုဒ္ဓေ အဋ္ဌ ဝိသဉ္စ၊ ဒွါဒသဉ္စ သဟဿ ကေ။
ပဉ္စ သတ သဟဿာနိ၊ ဂင်္ဂါယံ ဝါဠုက စုဏ္ဏေ။
ပရာ ဇေတွာ ဗဟု ဖုလ္လေ၊ နမာမိ သိရသာ မဟံ။
တေသံ တမ္မဉ္စ သံဃဉ္စ၊ အာ ဒရေန နမာ မဟံ။
နမ က္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ ဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနာဿန္တု အ သေသတော။

ဝိဇ္ဇာဖြစ်စေနိုင်သောဂါထာအမှန်ဖြစ်ပါသည်။ သထုံပြည်ကောင်းစားစဉ်က ဒီသုံးဂါထာကို ရွတ်ဆိုကြသဖြင့် ၀ိဇ္ဇာဓိုရ်အဖြစ်များကြသည်။ ကြာလျှင် ဘုရားရှင်၏အလိုတော်ကို ဆန့်ကျင်မည်ကို မြင်၍ အရှင်အရဟံသည် ၀ိဇ္ဇာဖြစ်စေတတ်သော နှစ်ပါဒကို ဖြုတ်ချခဲ့ခြင်း ဖြစ်ပေသည်။ ဒီသည်မှာ ဘိုးဘိုးအောင်ဖြစ်လာလတ္တံဖြစ်သော မောင်အောင်အား အိမ်မက်ပေးခြင်း ဖြစ်ပေသည်။ 

(၁၃) သာသနာတော်စောင့်နတ်မင်းကြီး၎ပါးမှအိပ်မက်ပေးသော မဟာလာဘသမ္ဗုဒ္ဓေဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဌဝီသဉ္စ ဒွါဒသဉ္စ
သဟဿကေ၊ပဉ္စဿတ သဟသာနိ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ 
နိဗ္ဗူတာ ဇိနာ၊ဗုဒ္ဓသေဌံ မဟာတေဇံ သဗ္ဗပိယံ လာဘာ လာဘံ။
နမော ဗုဒ္ဓံ ဇယ မင်္ဂလာ သီရိ ပုဏ္ဏံ။
တေသံဗုဒ္ဓဉ္စ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ၊နမ္မကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော၊
အာဂစ္ဆေယျုံ သဗ္ဗဒေဝါ အာယု ဝဏ္ဏော သုခံ ဗလံ၊ ဇယံ ဒေသော ဒသဒိသာ ဘဝတု မမ သဗ္ဗဒါ။ 

နေ့စဉ်ပုတီး၃ပတ်ထက်မနည်းစိပ်ပါလေ။သီလလုံပါလေ။နေ့စဉ်ထမင်းစားသော်နမောတဿ၃ကြိမ်ရွတ်ပြီးနောက်အထက်ပါဂါထာတော်ဖြင့်၉ခေါက်ရွတ်၍စားပါလေ။အမျိုးမျိုးသောလောကီစည်းစိမ်အဖုံဖုံကိုဖြစ်ထွန်းပေါ်ပေါက်စေနိုင်၏။အသက်ရှည်၏။အနာရောဂါကင်းမဲ့စေနိုင်၏။လူနတ်ဗြဟ္မာသတ္တဝါအပေါင်းရင်ဝယ်သားကဲ့သို့ချစ်မြတ်နိုးစေနိုင်၏။ကောင်းသောအိပ်စက်ခြင်းကောင်းသောနိုးထခြင်းများနှင့်ပြည့်စုံစေရာ၏။အာဏာအမျိုးမျိုးအစိုးရစေရာ၏။မိမိစကားအားတစ်ဖက်လူမှမပယ်ရှားနိုင်ကုန်။အာစက်လျှာစက်ထက်တော့၏။မကောင်းသောအတိုက်အခိုက်မှန်သမျှရာသက်ပန်ကင်းဝေးစေရာ၏။အမျိုးမျိုးသောသားရဲတိရစ္ဆာန်တို့ရန်မှအစဉ်ကင်းဝေးတော့၏။တန်ခိုးကြီးသောသမ္မာဒေဝနတ်များ၏ကူညီဖေးမစောက်ရှောက်မှုကိုခံရ၏။သွားလေရာနေလေရာတို့၌အမျိုးမျိုးသောဘေးအပေါင်းတို့မှအစဉ်ကင်းဝေးရာ၏။ကပ်အပေါင်းတို့လွတ်ကင်း၏။အနာရောဂါဖြစ်သော်အကြောင်းကြီးငယ်ရှိသော်ငါးပါးသီလခံယူ၍ရေကို၄၅ခေါက်မန်း၍သောက်ခြင်းလိမ်းခြင်းဖျန်းခြင်းပြုရာ၏။ရာထူးတက်လိုသော်သာသနာပွဲဝိဇ္ဇာပွဲ၂ပွဲထိုး၍အဓိဌာန်ရက်၃၀ရက်ဝင်၍တစ်ရက်ပုတီး၉ပတ်စိပ်လေ။စိပ်ပုတီးစိပ်ချိန်အပေါ်အောက်ဝတ်ဖြူစင်ကြယ်ဝတ်၍စိပ်ပါကုန်။တစ်ရက်လျှင်ပုတီးစိပ်ပြီးတိုင်းလိုသောဆုအားသစ္စာပြု၍၉ခါတောင်းရာ၏။တစ်လမပြည့်မီပင်အကြောင်းထူးတော့၏။သီလသမာဓိကြီးမားမူထီပေါက်ခြင်း၊ပုဂ္ဂိုလ်ထူးများနှင့်ဆုံခြင်းအကြားဓာတ်အမြင်ဓာတ်များရခြင်းစသည်ဖြင်းအထူးထူးသောအကျိုးအနန္တရစေကုန်တော့၏။အဓိဌာန်ရက်များပြီးသောလည်းအောက်ထစ်ဆုံးအရက်မိန်းမ၎င်း၂ကံထိန်း၍နေ့စဉ်စိပ်ပါလေမိမိဘဝအစဉ်တိုးတက်တော့၏။တက်သစ်စနေလုလင်ကဲ့သို့ဖြစ်တော့၏။ပညာဖြစ်ကျင့်စဉ်ဖြစ်ကျင့်သော်အမျိုးမျိုးသောသိဒ္ဓိတို့ကိုပြီးစီးစေရာ၏။အပေါ်ဖြူအောက်ဖြူဝတ်၍နံ့သာဖြူနံ့သာနီရေနှင့်ပညာခံပါကုန်။တန်ခိုးကြီးနတ်များနှင့်အထက်သူတော်စင်များမှပညာအပ်ကုန်တော့၏။တန်ခိုးအမျိုးမျိုးအစိုးရတော့၏။များစွာသောပညာရပ်များပိုင်စိုးရလတ္တံ။ထွက်ရပ်လမ်းတိုင်သည်အထိအကျိုးပေးတော့၏။

(၁၄) အကာအကွယ် အပွင့်လာဘ ပီယနှင့်
သိဒ္ဓိမျိုးစုံ ပေါက်ရောက်စေနိင်သော အနန္တသိဒ္ဓိသမ္ဗုဒ္ဓေမန္တယားကြီး

သြောင်း  သမ္ဗုဒ္ဓေ အဌဝီသဉ္စ ဒွါဒသဉ္စ
သဟဿကေပဉ္စသတ သဟဿာနိ
နမာမိသိရသာမဟံ။
အပ္ပကာဝါဠုကာဂင်္ဂါ အနန္တာ နိဗ္ဗူတာ
ဇိနာ ဗုဒ္ဓသေဋ္ဌံ မဟာတေဇံ သဗ္ဗပီယံ
လာဘ လာဘံ။
သြောင်း နမောဗုဒ္ဓဇေယျမင်္ဂလံ သီရိပုဏ္ဏံ
တေသံ (ဗုဒ္ဓဉ္စ )ဓမ္မဉ္စ သံဃဉ္စ အာဒရေန
နာ့မာ့မဟံ။
နမက္ကာရာနုဘာဝေန ဟိတွာသဗ္ဗေဥပဒ္ဒဝေ
အနေကအန္တရာယာပိ ဝိနာသန္တု  အသေသတော။
 အာဂေစၧယ် သေဗၺေဒဝါ အာယုဝေဏၰာသုခံ
ဗလံ သဗ္ဗသိဒ္ဓိ မဟိဒ္ဓိကာ ဇေယျ တေဇ ဒသ
ဒိသာဘဝတု မမ သဗ္ဗဒါ။    ။

ဆရာကြီးဦးစိန္တာ၏မန္တန်ပုရပိုဒ်ကျမ်း၌ ဤဂါထာ
တစ်ပုဒ်တည်းပင်လျှင် တန်ဖိုးကျေးဇူးအထူးကြီး
မြတ်ကြောင်း မှာထားပါရှိလေသည်။
လာဘ်ပွင့်သမ္ဗုဒ္ဓေဟုလည်း ခေါ်ဝေါ်သုးံစွဲကြသည်
ထိုမန္တရားဖြင့် စိန္တာမယသိဒ္ဓိပေါက်စေနိုင်ပါသည်။ 

(၁၅) ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ထူးခြားလှသော သမ္ဗုဒ္ဓေဂါထာတော်ကြီး

(သမ္ဗုဒ္ဓေ အဌဝီသဉ္စ) ဗုဒ္ဓေါမေ နာထော ၊ သတ္တပါကာရံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဣ-သွာ-သု ၊ ဗုဒ္ဓံ သရဏံ ဂတော ၊ သဗ္ဗဘယာ ဝိနဿ     န္တု ။
(ဒွါဒသဉ္စ သဟသာကေ) ဓမ္မောမေ နာထော ၊ သတ္တပါကာရံ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဣ-သွာ-သု ၊ ဓမ္မံ သေရဏံ ဂတော ၊ သဗ္ဗရောဂါ ဝိနဿ     န္တု ။
(ပဉ္စသတ သဟာဿာနိ ) သံဃောမေ နာထော ၊ သတ္တပါကာရံ သံဃံ သရဏံ ဂစ္ဆာမိ ၊ ဣ-သွာ-သု ၊ သံဃံ သရဏံ ဂတော ၊ သဗ္ဗဒုက္ခာ ဝိနဿ     န္တု ။
(တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ နမက္ကာရာ နုဘာဝေန) အ-ဥ-မ ။
(ဟတာ သဗ္ဗေဥပဒ္ဒဝါ) မ-ဥ-အ ။
( အနေက အန္တရာယာပိ ဝိနာသန္တု  အသေသတော ) သုည ဗုဒ္ဓေါ ၊ ပတိမာ ဗုဒ္ဓေါ ၊ အရဟံ ဘဂဝါတိ ။

(၁၆) အရှည်ဆုံး သမ္ဗုဒ္ဓေကြီးတစ်မျိုး 

သမ္ဗုဒ္ဓေ အဌဝီသဉ္စ  ၊ ဗုဒ္ဓေါမေ အမှာကံ  သတ္တပါကာရံ ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒွါဒသဉ္စ သဟသာကေ ၊ ဓမ္မောမေ အမှာကံ  သတ္တပါကာရံ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ပဉ္စသတ သဟာဿာနိ  ၊ သံဃောမေ အမှာကံ  သတ္တပါကာရံ ၊ သံဃံ သရဏံ ဂစ္ဆာမိ ။
နမာမိ သိရသာမဟံ ၊ သဗ္ဗေ ဗုဒ္ဓါ ဇိန စိတ္တာ ၊ တေသံ ဓမ္မဉ္စ ၊ သဗ္ဗေ ဓမ္မာ ဇိန စိတ္တာ ၊ သံဃဉ္စ ၊ အာဒရေန နမာ မဟံ ။
သဗ္ဗေ သံဃာ ဇိန စိတ္တာ ၊ နမက္ကာရာ နုဘာဝေန ၊ မ အ ဥ ၊ ဟိတွာ သဗ္ဗေ ဥပ္ပဒဝေ ၊ ဥ အ မ ၊ အနေကာ အန္တရာယာပိ ။
နေမာ ဗုဒၶါယ် ၊ ယ် ဒၶါ ဗု ေမာ န ၊ သံ ဂံု ပ မ ယ် ၊ ယ် မ ပ မ ယ် ၊ ယ် မ ပ ဂံု သံ ၊ 
န ကာရံ မာတာပါပံ ဝိနႆတု ။
မော ကာရံ ပိတာ ပါပံ ဝိ နဿတု။ 
ဗု ကာရံ ဉာတိ ပါပံ ဝိ နဿတု။
ဒ္ဓါ ကာရံ ရာဂ ပါပံ ဝိ နဿတု။
ယျ ကာရံ အတ္တနော ပါပံ ဝိနဿတု  အာသေသတော ။ 

#လင်းညို့တာရာ (ရှာဖွေတင်ဆက်သည်)

ကျမ်းကိုး ။     ။ ဗန်းမော်ဆရာတော်ကြီးရဲ့ပြောကြားချက် ။
သုသုက၏ သမ္ဗုဒ္ဓေဂါထာတော်များရဲ့ အစွမ်း နှင့် အကျိုး ။
ဦးစိန္တာ မန္တန် ပုရပိုဒ် ။
ကိုယ်ပိုင်မှတ်စုများ ။

No comments: