အနောက်နိုင်ငံတွေမှာ ရာစုနှစ်ပေါင်းများစွာတည်းကစပြီး ယနေ့ထိ ယုံယုံကြည်ကြည်အသုံးပြုနေကြတဲ့ Magical ring (မှော်ဝင်လက်စွပ်) စီရင်နည်း
************************************************************************************************
ခုစီရင်မယ့် Magical ring ကတော့ ကိုယ့်ဆီကို ကံကောင်းခြင်းတွေကို ယူဆောင်လာပေးမယ့်လက်စွပ်၊ အန္တရာယ်တွေကနေ ကာကွယ်ပေးမယ့်လက်စွပ် ဘဲဖြသ်ပါတယ်။ Magical ring တစ်ခုရဖို့ စီရင်နည်းတွေကတော့ အမျိုးအစားနဲ့ နေရာဒေသကိုလိုက်ပြီး အများကြီးရှိပါတယ်။
ဒါပေမယ့် ကျနော်တို့က အနောက်နိုင်ငံမဟုတ်တဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို လွယ်လွယ်ရှာလို့ မရနိုင်ပါဘူး။ အာ့ကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူ ရရှိနိုင်ပြီး စီရင်နိုင်မယ့် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလေးကို ဖော်ပြလိုက်ပါတယ်။ ဒီစီရင်နည်းလေးကတော့ အနောက်နိုင်ငံ တချို့တွေမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ စီရင်နည်းလေးဖြစ်ပါတယ်။ Black magic လုံးဝမပါဝင်ဘဲ သဘာဝရဲ့စွမ်းအားတွေသက်သက် အသုံးပြုထားတဲ့ သန့်စင်မြင့်မြတ်တဲ့ စီရင်နည်းဘဲဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
- ကိုယ်ဝတ်ထားတဲ့ သတ္တုလက်စွပ်တစ်မျိုးမျိုး
- ဆားရေ
- အနီရောင် ဖယောင်းတိုင် ၈ ချောင်း
ပထမဆုံးအနေနဲ့က ကိုယ်အမြဲတမ်း စွပ်ထားတဲ့ သတ္တုလက်စွပ်တစ်ကွင်းရှိဖို့လိုပါတယ်။ လက်စွပ်အသစ်ကို စီရင်လို့မရပါဘူး။ ဝတ်နေကျလက်စွပ်မရှိဘူးဆိုရင် အခုကနေ လက်စွပ်စဝတ်ပြီး အနည်းဆုံး ရက် ၃၀ ပြည့်သွားရင် စီရင်လို့ရပါပြီ။
စီရင်တော့မယ်ဆိုရင် စီရင်မယ့်လက်စွပ်ကို တစ်ရက်ကြိုပြီး ၂၄ နာရီတိတိ ဆားရေစိမ်ထားပြီး နေရောင်ရတဲ့နေရာမှာ ထားထားပေးပါ။ ဆားနဲ့ရေ ဆိုတာက သဘာဝတရားရဲ့ သန့်စင်မှုတွေဖြစ်လို့ အရင်ဆုံး သန့်စင်စေတဲ့ သဘောပါ။ နေရောင်ဆိုတာကလည်း သဘာဝတရားရဲ့ အရှိန်အဝါကြီးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
စီရင်မှာက လပြည့်ညရဲ့ ၁၂ နာရီ တိတိမှာဖြစ်ပါတယ်။ ၁၂ နာရီမထိုးခင် ပြင်ဆင်မှုတွေကို အပြီးလုပ်ရပါမယ်။
ဖယောင်းတိုင်အနီကို သုံးရမယ်ဆိုတာက အနီရောင်က သဘာဝရဲ့ မှော်စွမ်းအားကို ကိုယ်စားပြုတဲ့ အရောင်မို့ပါ။
ဖယောင်းတိုင် ၈ ချောင်းလိုတယ်ဆိုတာက အရပ် ၈ မျက်နှာကို ကိုယ်စားပြုဖို့ပါ။ အရပ်မျက်နှာ တစ်ခုစီမှာ သက်ဆိုင်ရာ စွမ်းအားတွေ ဂုဏ်သတ္တိတွေ ရှိနေလို့ပါ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း သဘာဝတရားရဲ့ စွမ်းအားတွေကိုဘဲ အသုံးပြုထားတဲ့ သန့်စင်တဲ့ Magical ring စစ်စစ်ဖြစ်ပါတယ်။
ပထမဆုံး ပြင်ဆင်ရမှာက မြေဓာတ်ရဖို့အတွက် မြေကြီးပေါ်မှာ ဖယောင်းတိုင် ၈ ချောင်းကို သံလိုက်အိမ်မြောင်အသုံးပြုပြီး စက်ဝိုင်းပုံစံ အရပ်မျက်နှာ ၈ ခုကို ကိုယ်စားပြုပြီး စိုက်ထားပါ။ အရပ်မျက်နှာ ၈ မျက်နှာနဲ့ တိတိကျကျ စိုက်ရပါမယ်။ အရှေ့အရပ်ကို ဘယ်ဖယောင်းတိုင်က ကိုယ်စားပြုထားလဲဆိုတာ သံလိုက်အိမ်မြောင်ကြည့်ပြီး စိတ်နဲ့ကြိုမှတ်ထားပါ။ ၁၂ နာရီမထိုးမချင်း မီးညှိလို့မရသေးပါဘူး။ လေအရမ်းမတိုက်တဲ့ နေရာဖြစ်ပါစေ။ စီရင်ချိန်မှာ လေတိုက်လို့ ဖယောင်းတိုင်မီးငြိမ်းရင် အစီအရင်ပျက်သွားမှာပါ။
ဆားရည်စိမ်တာ ၂၄ နာရီပြည့်သွားတဲ့ လက်စွပ်ကို ဖယောင်းတိုင် စက်ဝိုင်းရဲ့ အလယ်တည့်တည့်မှာ ထားလိုက်ပါ။
လပြည့်ည ၁၂ နာရီထိုးပြီးဆိုရင် အစီအရင်စလို့ရပါပြီ။
ကြိုမှတ်ခိုင်းထားတဲ့ အရှေ့အရပ်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ကစပြီး နာရီလက်တံလည်တဲ့အတိုင်း တစ်ချောင်းချင်း မီးညှိသွားပါ။ ၈ ချောင်းလုံးမီးညှိပြီးပြီဆိုရင် ဖယောင်းတိုင်ကုန်တဲ့အထိစောင့်နေပါ။ ဖယောင်းတိုင်မကုန်မချင်း စောင့်နေတဲ့အချိန်မှာ စိတ်ထဲကဖြစ်စေ နှုတ်ကဖြစ်စေ "သဘာဝတရားရဲ့စွမ်းအားတွေ ဒီလက်စွပ်ထဲကိန်းအောင်းကြပါ" လို့ ဖယောင်းတိုင်မကုန်မချင်း ရွတ်နေပါ။
ဖယောင်းတိုင် ၈ တိုင်လုံး ကုန်သွားပြီဆိုရင် အစီအရင် အောင်မြင်ပါပြီ။
မနက် နေထွက်တဲ့အချိန်ကစပြီး ကံကောင်းစေပြီး အကာအကွယ်ပေးတဲ့ magical ring ကိုပိုင်ဆိုပြီဖြစ်ပါတယ်။
သတိထားစရာလေးရှိပါတယ်။
ဖြစ်နိုင်ရင် လက်စွပ်ကိုအမြဲဝတ်ထားပေးပါ။
တကယ်လို့ချွတ်မိခဲ့ရင်လည်း ကိုယ်မဝတ်ထားတဲ့အချိန်မှာ အဲဒီလက်စွပ်ကို တခြားဘယ်သူ့ကိုမှ ပေးမထိပါနဲ့။
ထိခဲ့လို့ရှိရင် အစွမ်းသတ္တိတွေပျောက်ပြီး သာမန်လက်စွပ် ပြန်ဖြစ်သွားမှာပါ။
မီးခဲမောင်မောင်(MOP)
4 comments:
ရွှေလက်စွပ်ကိုရော လုပ်လို့ရပါသလား ကျေးဇူးပြုပြီး ဖြေပေးပါ
ရွှေကလဲသတ္ထုပါပဲ
သံလက်စွပ်ကောရလား
ကျေးဇူပြီးဖြေပေးပါ
Post a Comment