ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

10/07/2017

နေ့ချင်းညချင်း စီးပွားတက်စေသော်


**နေ့ချင်းညချင်း စီးပွားတက်စေသော်**



၁း ရွှေအနားကွပ်ကြွေပန်းကန်ပြားထဲမှာ ချင်းတက်ခပ်ကြီးကြီး၂ခုတင်ပါ။၁ခုမှာခဲတံ
နဲ့ နေ့ချင်း လို့ရေးပါ၊ကျန်၁ခုမှာ ညချင်း လို့
ရေးပါ။ပန်းကန်ပြားထဲ ရေလည်းထည့်ပါ။
၂း ချင်းတက်တွေပေါ်မှာမတ်စေ့ ၁စေ့စီတင်
ပါ။
၃း မိမိမွေးနေ့မနက်၉နာရီ၄၅မှာစတင်ပါ။
၎း ငါးပါးသီလခံယူဆောက်တည်ပါ။
၅း  ဖယောင်း၁တိုင်ကို ပါးစပ်နားတွင်ကပ်၍
ဆုတောင်းဂါထာ ၉ကြိမ်ရွတ်ဆိုပြီး ချင်းပေါ်က မတ်စေ့ပေါ် မီးထွန်းပါ။
၆း နေ့ချင်း ညချင်း လုပ်ငန်းဆောင်တာများ
အောင်မြင်၍ စီးပွားတိုးတက်ပါစေဆုတောင်းပါ။
၇း ထိုအတိုင်း နံနက်၁ကြိမ် ည၁ကြိမ် ပြုလုပ်ရန်ဖြစ်ပါသည်။ဖယောင်းတိုင်က အစိမ်းရောင်ဆိုရင် သာ၍ကောင်းပါသည်။
၉း ရွတ်ဆိုရမည့်ဂါထာမှာ မတလုံးကျေ ဆြာတော်ခင်ကြီးဖျော် စီရင်လမ်းညွှန်တော်
မူခဲ့သော အနန္တလာဘ်လာဘရှိလိုကောင်းဆုတောင်းဂါထာတော် ဖြစ်ပါသည်။

*အနန္တလာဘ်လာဘရှိလိုကြောင်းဆုတောင်းဂါထာတော်*
ဂါမေ ဝနေစ သဗ္ဗတ္ထ
ဒေဝေဟိ မနုေဿဟိစ။
အာဘတာ နန္တလာဘော မေ
သဒါ ဟောတု ဘဝါဘဝေ။

ရေလိုအေး၍ပန်းလိုလန်းကြပါစေ။နေ့ချင်း
ညချင်းစီးပွားလာဘ်လာဘတိုးတက်ကြပါစေ။ ။

Credit to ဆရာမျိုးမင်းထွန်း

No comments: