ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

1/08/2018

တရုတ်ရိုးရာနတ်ဒေဝတာဒဏ္ဍါရီများ




တရုတ်ရိုးရာနတ်ဒေဝတာဒဏ္ဍါရီများ
#ရေခဲခေတ်
လောကကြီးတစ်ခုလုံး ရေခဲပြင်အတိပြီး၍ သက်တမ်းအပိုင်း အခြားမရှိသော
နတ်ဒေဝတာများ တည်ရှိုပြီး နတ်အားလုံးကို 江沽皇 ကျန်းကူးဝှမ်ခေါ်
ပထမဆုံးသောမိုးနတ်မင်းကြီး အုပ်စိုးတော်မူ၏ (ထိုအဆုံးမဲ့ စွမ်းအားရှင် 江沽皇အရှင်မြတ်၏
အရှေ့တွင်အခြားမိုးနတ်မင်းရှိနိုင်သည် ဟုဆိုသဖြင့် ဗြဟ္မဏဝါဒလာ ဣန္ဒာ
ဗုဒ္ဓဝါဒလာ သကြားမင်း အစဉ် အဆက် ကဲ့သို့ဖြစ်ဟန်တူသည်
သို့သော် တရုတ်တို့၏ဒဏ္ဍါရီများတွင် ကျန်းကုဝှမ် အထိသာ ပြောစမှတ်ရှိသည်ကို涢山祭祀歌
ဟူသော ရှေးဟောင်းကဗျာကိုထောက်ထား၍သိရသည် )ထို မိုးနတ်မင်းကြီး
အုပ်စိုးသောကာလ ရှည်ကြာလာသော အခါ နတ်ဒေဝတာတို့ ကို မထိန်းချုပ်နိုင်ပဲ အကွဲကွဲအပြားပြားဖြစ်လာသည်
ထိုနတ်ဒေဝတာတို့ ကွဲပြားလာချိန်လောကတွင် မီးလျှံပေါ်ပေါက်လာပြီး 盘古ခေါ်
မီးရေ တန်ခိုးရှင် နှင့် နောက်လိုက်
နတ်ဒေဝတာများ ဖြစ်တည်လာသည် ဤသို့ဖြင့်
ပထမနတ်ဒေဝတာစစ်ပွဲကြီး ဖြစ်ပွားပြီး 江沽皇ခေါ် ပထမမိုးနတ်မင်းကြီး စစ်ရှုံးကာ
盘古皇 ဖန်ကူးဝှမ်ခေါ် ဒုတိယ မိုးနတ်မင်း ခေတ်ကို ရောက်ရှိခဲ့သည်;
ဖန်ကူး၏ ပုဆိန်ကြောင့် 江沽皇ကျန်းကူးဝှမ်မင်းကြီး၏ ခန္ဓာကိုယ် ပြိုကွဲသောအခါ
ထိုနတ်မင်း၏ခန္ဓာကိုယ်မှ
အခြားသတ္တဝါတို့ ၏ အသက်ကို
ဖြစ်စေသော အသက်ရေ江沽造水 ဖြစ်ပေါ်လာသည်
(ရေခဲ များ အရည်ပျော်သည်ကိုဆိုလိုဟန်တူသည်) ထိုအသက်ရေမှတရုတ်ပြည်၏ ပထမဆုံး မြစ်ကြီး長江
ချန်ကျန်းခေါ် ယန်ဇီမြစ်ကြီး ပေါ်ပေါက်လာသည် ထိုယမ်ဇီမှ စ၍
ရေခဲများအရေပျော်ကာ သမုဒ္ဒရာများ တောင်များ စတင် ဖြစ်ပေါ်လာသလိုအစွမ်းရှိသတ္တဝါများလဲ ပေါ်ပေါက်လာသည် (山海经)
#ကျောက်ခေတ်
ဒုတိယမြောက် မိုးနတ်မင်းကြီး ဖြစ်လာမည့်盘古ဖန်ကူးကို
ယင် /ယန် ၂ပါး ပေါင်းစပ်ခြင်းကြောင့် ဖြစ်လာသောဥ(ကမ္ဘာလုံး)မှမွေးဖွားသည်
ယင်ယန် အဖိုအမ စွမ်းရည်ရှိသော
နတ်ပုဆိန်ကို ပိုင်ဆိုင်သည်
ဦးခေါင်းတွင် ဂျို၂ချောင်းပါပြီး
ခန္ဓာကိုယ်တွင် ငှက်မွှေးကဲ့သို့ အမွှေးများရှိသည်
တစ်နေ့လျှင်၁၀မိုင်မျှ ကြီးထွားလာသော ခန္ဓာကိုယ်ကြီးဖြင့် ကောင်းကင်အမိုးကို တွန်းပြစ်ရာ
ကောင်းကင်နှင့်မြေပြင် ကွဲထွက်သွားပြီး တစ်ဆက်ထဲသော
လောကမှာ 天 /地 မိုးမြေဟု ကွဲပြားသွားသည်
ကျန်းကူးဝှမ်ကိုဖယ်ရှားလိုက်ပြီး
ဒုတိယမြောက်မိုးနတ်မင်း ဖြစ်လာသည့်
盘古皇 ဖန်ကူးဝှမ် လက်ထက်တွင်
နတ်ဒေဝတာများအပေါ် အလွန်အမင်း ဖိနှိပ်သဖြင့် နတ်ဒေဝတာများတော်လှန်ပုန်ကန်ကာ လောကကြီး မငြိမ်မသက် ရှိသည်ဟု ဆိုသည်
山海经 ကျမ်းစာအလိုအရ
ယင်ယန် ၂ပါးစုံသဖြင့် နတ်ဒေဝတာကောမိစ္ဆာများပါဖြစ်တည်လာသည်
သမုဒ္ဒရာနှင့် ကျွန်းများတောင်များတွင် တန်ခိုးရှိသော သတ္တဝါများ ပေါ်ပေါက်လာသည်
အမြှီးကိုးခုမြေခွေး မျိုးနွယ်
မြွေတပိုင်း လူတပိုင်း နွီဝါး မျိုးနွယ်
စသော သတ္တဝါများမှာထိုခေတ်တွင်
ပေါ်လာသည်
ဖန်ဂူးသည် နတ်လိပ် ခြူးခြင်္သေ့ ဇာမဏီ နဂါး ဟူသော သတ္တဝါ၎မျိုး
အကူအညီဖြင့်လောက ကိုစိုးမိုးသည်
ရှေးဟောင်းနတ်ဒေဝတာများကို
နှိမ်နင်းဖိနှိပ်သဖြင့်
နတ်ဒေဝတာများ အုပ်စုကွဲပြီး ဒုတိယမြောက် နတ်ဒေဝတာစစ်ပွဲ ကြီးဖြစ်ပွားသည်
ဖန်ကူးဝှမ် အုပ်စိုးပြီးနှစ်ပေါင်း ၁၈၀၀၀၀ ကြာပြီးသောအခါ
ဖန်ကူးကို ဆန်ကျင်သဖြင့် ခေါင်းဖြတ် အကျဉ်းချ ထားသော 刑天
ရှန့်ထျန်း ခေါ် နတ်မိစ္ဆာသည်
ခေါင်းမရှိသော်လဲ ဝမ်းဘိုက်၌
မျက်စိပါးစပ်ဖြစ်ပေါ်လျှက် အကျဉ်းမှ လွတ်မြောက်ပြီး
ဖန်ကူး၏ ယင်ယန် ပုဆိန် စွမ်းအားကို ရကာ ဖန်ကူးဝှမ်ကို
ခေါင်းဖြတ်ပျောက်ကွယ်သွားခဲ့သည် ထိုဒုတိယမြောက် နတ်ဒေဝတာ
စစ်ပွဲကြီးကြောင့် နတ်ဒေဝတာအများအပြားသေဆုံးကာကမ္ဘာမြေ၏
တစ်စိတ်တစ်ဒေသတြောတောင်ရေမြေများဖြစ်လာသည်တချို့လဲကြယ်တာယာများဖြစ်သွားသည်(မူကွဲများအလိုအရ)
ဖန်ကူးအသက်ရှုခြင်းသည် လေဖြစ်လာပြီး
အခိုးအငွေ့သည်မိုဃ်းတိမ်ဖြစ်လာသည် အသံသည်
မိုဃ်းချုန်းသံဖြစ်လာသည် သူ၏လက်ဝဲဘက်မျက်စိသည် နေ, လက်ျာမျက်စိသည်လ,
ခေါင်းသည်ကမ္ဘာ၏တောင်များနှင့်ချိုင့်ဝှမ်းများဖြစ်လာသည် သွေးသည် မြစ်ဝါမြစ်နှင့်
အခြားမြစ်ငယ်များဖြစ်လာသည် သူ့ကြွက်သားများသည်
မြေသြဇာကောင်းသောတိုင်းပြည်များဖြစ်လာသည် ဆံပင်များသည်
 ကြယ်များနှင့်နဂါးငွေ့တန်းဖြစ်လာပြီးသူ့အမွှေးတို့သည် ချုံများနှင့်သစ်တောများဖြစ်လာသည်
သူ၏အရိုးသည် အဖိုးတန်သတ္တုဓာတ်များဖြစ်လာသည်
သူ့အရိုးတွင်းခြင်ဆီသည် စိန်စသောရတနာများဖြစ်လာသည်.
သူ၏ချွေးတို့သည် မိုးအဖြစ်ရွာချသည် သူ့ဝတ်ရုံ သားမွေးပေါ်တွင်လှေးဖြစ်လာခဲ့ပြီး
ထိုလှေးများသည် တိရိစ္ဆာန်များဖြစ်လာခဲ့သည်
စစ်ပွဲကြောင့် မြေကြီးတွင် မီးတောင်များ ဖြစ်ပေါ်ပြီး
ကောင်းကင်ကြီးပျက်စီးကာ အပေါက်ဖြစ်သွားသည်
ဖန်ကူး၏ ယင်ယန် အစွမ်းသည်
လောကကိုစောင့်ရှောက်သော
မျိုးနွယ်ဖြစ်သည့် ဖူဇီ伏羲နှင့် နွီဝါး女娲 ထံသို့ ရောက်ရှိခဲ့သည်
ဖူဇီနှင့်နွီဝါးတို့က ယင် ယန် အစွမ်းဖြင့်လောကကိုပြန်တည်ဆောက်ပြီး
နွီဝါးမယ်တော်က သူ့နှလုံးသား ကို ထုတ်၍ဖန်ဆင်းသောကျောက်ဖြင့်
ကောင်းကင်အမိုးကို ဖာထေးပြုပြင်သည်
ဖန်ကူး၏သွေးမှဖြစ်သော
မြစ်ဝါမြစ်ဝှမ်းတွင် လူတပိုင်းနတ်တပိုင်းဘုရင်များပေါ်ပေါက်လာပြီး မြစ်ဝါမြစ်ဝှမ်း
ယဉ်ကျေးမှုစတင်ကာ
တတိယမြောက် မိုးနတ်မင်းကြီး
ယွိဝှမ်.玉皇ခေါ် 玉皇大帝
ပေါ်ထွန်းသည်သို့ဦးတည် လာခဲ့ပါသည်။

တရုတ်တို့၏သမိုင်းအစဒဏ္ဍါရီတို့ကို ပြောပါဆိုလျှင် နတ်သမိုင်း
နတ်တစ်ပိုင်း လူတစ်ပိုင်းသမိုင်း
လူဘုရင်များသမိုင်းဟု ၃ခု ခွဲရပေမည်
တရုတ် ရိုးရာဒဏ္ဍါရီ များတွင် ရောနှောပြဆိုခဲ့ကြသဖြင့် အလွန်ရှုပ်ထွေးကာ တရုတ် စစ်စစ်
အများစုပင် ဘယ်က စပြောရမှန်းမသိဖြစ်ကြရသည်
ပြောပြန်လျှင်လဲ ဇာတ် လမ်းပေါင်းစုံရောနှော နေသည်ကိုတွေ့ကြရသည်
ဇာတ်လမ်းအစုံမှ ထုတ်နှုတ်တင်ပြသဖြင့် ငြင်းစရာလဲ အများကြီး ပါဝင်ပေလိမ့်မည်
江沽皇ကျန်းကူးဝှမ်မိုးနတ်မင်းကြီး
မှ အသွင်ပြောင်း၍ အသက်ရေ ဖြစ်လာသည်
盘古皇 ဖန်ကူးဝှမ်မိုးနတ်မင်းကြီးမှ
အသွင်ပြောင်း၍ တောတောင်ရေမြေ မိုးမြေနေလ စသည် ဖြစ်လာသည် ဟုဆိုခဲ့ပါသည်
ဖန်ကူးဝှမ်၏ မိုးနတ်သခင် အဓိကနတ်စွမ်းအင်တို့မှာ
ပုလဲ လုံးအသွင် ပြောင်းပြီး ကောင်းကင်နှင့်မြေပြင်ကြား လှည့်လည်သွားလာနေရာ
နဂါးနှင့်ဇာမဏီတို့ ကဖမ်းယူနိုင်ပြီး
ဖန်ကူးထံမှ နတ်စွမ်းအင်ရသော
နဂါးနှင့်ဇာမဏီတို့ကြောင့် နတ်ပုလဲလုံးမှ တဆင့် နတ်ဒေဝတာ
စသောသတ္တဝါအားလုံးတို့၏
အရှင်သခင် 玉皇大帝 ကျောက်စိမ်းဧကရာစ်ဟု တွင်သည့်
တတိယမြောက်မိုးနတ်မင်းကြီး
ပေါ်ပေါက်လာခဲ့သည်
နွီဝါနှင့် ဖူဇီတို့ကြောင့် ကောင်းကင်
နန်းတော် လဲ ပေါ်ပေါက်လာပြီး
ယနေ့ထက်တိုင် 天公 အရှင်မြတ်အဖြစ် လောကသုံးပါးကို
စိုးစံအုပ်ချုပ်တော်မူ၏
ကျန်းကူးဝှမ် ဖန်ကူးဝှမ် ယွိဝှမ်ဟူသော မိုးနတ်မင်း၃ပါးသည်
ကမ္ဘာဦး စတင်ကာလောက၃ပါး၏
အရှင်သခင် အဖြစ် တည်ရှိနေသည်ဟု ယုံကြည်ကြပါသည်
ကျန်းကူးဝှမ် လက်ထက်တော်မှ
ကြွင်းကျန်သော ရှေးနတ်ဘုရားများ
ကို ကြယ်တာယာနတ်မင်းများဟု
သတ်မှတ်ကိုးကွယ်သည်
ဖန်ကူးဝှမ် လက်ထက်တော်မှ ဖြစ်ပေါ်လာသော နေလ နက္ခတ်တာယာ မိုး လေ မိုးကြိုး တောင်စသော ရှေး နတ်မင်းများကို
ဗိမ္မာန်ရှင် နတ်မင်းများဟုသတ်မှတ်ကိုးကွယ်ကြသည်
ထိုအချိန်အထိ နတ်မင်းများသည်
လူတို့နှင်မဆက်ဆပ်ပဲ သီးခြားနတ်ဒေဝတာဖြစ်သည်
ရှေးမိစ္ဆာနတ်တို့သည်လဲ သီးခြား မိစ္ဆာ များသာဖြစ်ကြသည်
(သီးခြားတစ်ပါးစီအကြောင်း ဆက်လက်ရေးပါမည်)
ဖန်ကူး၏စွမ်းအင် အမွေကိုရသော အစွမ်းရှိ နတ်သတ္တဝါတို့ တွင် 伏羲
ဖူဇီသည် ကောင်းကင်သခင် နွီဝါး女娲သည် မြေပြင်သခင် ဟူသော
မောင်နှမ ၂ဦး ပေါင်းဖက်ရာမှ
လူသားများစတင်ပေါ်ပေါက်လာပြီး
三皇五帝 စသောမင်းဧကရာဇ်များ သူရဲကောင်းများ တန်ခိုးရှင်ဝိဇ္ဇာများ
ပေါ်ပေါက်လာရာ မူလရှိသော နတ်သမိုင်းများနှင့် လူမှဖြစ်သောနတ် တို့၏သမိုင်း ရောနှောဖြစ်တည်
လာခဲ့ပါသည်
#三皇五帝စန်းဝမ်ဝူတိခေတ်

玉皇大帝ကျောက်စိမ်းဧကရာဇ်ကြီးတွေ လောကကြီး၏ဖန်ဆင်းရှင်ဖြစ်ပြီး
စကြာဝဠာကြီး၏အရှင်သခင်မူလအမတဓါတ်ဖြစ်ပြီး ထိုကျောက်စိမ်းဧကရာဇ် တည်ရှိရာ
ဤလောအတွင်းရှိ ဤကမ္ဘာကြီး၏အစကို 三皇五帝စန်းဝမ်ဝူတိ (နတ်ဧကရာဇ်၃ပါးနှင့်နတ်ဘုရင်၅ပါး)ဒဏ္ဍာရီဖြင့်စတင်ခဲ့ပါသည်
三皇五帝စန်းဝမ်ဝူတိ (နတ်ဧကရာဇ်၃ပါးနှင့်နတ်ဘုရင်၅ပါး)ဒဏ္ဍာရီကို
太史公書ထိုက်ရှီကုန်းရှုး ခေါ်史記ရှစ်ကျိ မှတ်တမ်း
風俗通義ဖုန့်စူထုံးယီမှတ်တမ်း
春秋運斗樞ချွင်ချိုးယွင့်သုံ့စူးမှတ်တမ်း
春秋元命苞ခွင်ချိုးယွမ်မင်ပေါင်းမှတ်တမ်းတို့တွင်
နတ်ဧကရာဇ်(၃)ပါး စာရင်းကို
၁. (天皇) ကောင်းကင်အရှင်ဖူရှီး(伏羲)
၂.(地皇) မြေပြင်အရှင်မနွီဝါး(女媧)
၃.(泰皇)ပထမဘုရင် ထိုင်စန်းဘုရင် လူတို့၏အရှင် ရှန်းနုံ(神農) ဟုဖော်ပြခဲ့သည်
帝王世系တိဝမ်စစ်ရှိမှတ်တမ်း
世本စစ်ပန်မှတ်တမ်း
帝王世紀တိဝမ်စစ်ကျိမှတ်တမ်း တို့တွင်
 ၁.ကောင်းကင်အရှင်ဖူရှီး(伏羲)
၂. မြေပြင်အရှင်မနွီဝါး(女媧)
၃.မြစ်ဝါဧကရာဇ်ဝှမ်တိ (黃帝) ဟုဖော်ပြခဲ့သည်
白虎通義ပိုင်ဟူထုံးယီမှတ်တမ်း
尚書大傳ရှန့်ရှုးတချွမ်မှတ်တမ်း တို့တွင်
၁.ကောင်းကင်အရှင်ဖူရှီး(伏羲)
၂.လူတို့၏အရှင် ရှန်းနုံ(神農)
၃.မီးအရှင် ဇုရုံ (祝融)သို့မဟုတ် စွေ့လန် (燧人) ဟုဖော်ပြခဲ့သည်
通鑑外紀ထုံးကျင့်ဝိုက်ကျိမှတ်တမ်းတွင်
၁.ကောင်းကင်အရှင်ဖူရှီး(伏羲)
၂.လူတို့၏အရှင် ရှန်းနုံ(神農)
၃.ရေအရှင်ကုံကုံး (共工)ဟုဖော်ပြခဲ့ပါသည်
藝文類聚ယိဝမ်လေ့ကျိ မှတ်တမ်းတွင်မူ
၁.ကောင်းကင်သခင်ထျန်းဝှမ်(天皇)
၂.မြေသခင်တိဝှမ်(地皇)
၃.လူတို့သခင် လန်ဝှမ်(人皇)ဟုသာမန်မျှသာမှတ်တမ်းတင်ခဲ့ပါသည်
ထို့ကြောင့်နတ်ဧကရာဇ်များမှာ ၃ပါးဟုဆိုသော်လဲ
၁.ဖူရှီ၂.နွီဝါး၃.ရှန်နုံ၎.၀ှမ်တိ၅.ဇုရုံ၆.စွေ့လန်၇.ကုံကုံးဟူ၍(၇)ပါးမျှ မှတ်တမ်းရှိခဲ့ပါသည်
ထိုနတ်ဧကရာဇ်(ရ)ပါး၏ ဒဏ္ဍာရီအကျဉ်းမှာ
၁.ကောင်းကင်အရှင်ဖူရှီး(伏羲)နှင့်၂. မြေပြင်အရှင်မနွီဝါး(女媧)
ဖူရှီနှင့်နွီဝါးတို့အကြောင်းကိုရှေးအကျဆုံး  (山海经)စန်းဟိုင်မှတ်တမ်းတွင်
စတင်တွေ့ရှိရသည် ကမ္ဘာမြေစတင်ချိန်တွင်ကျောက်စိမ်းဧကရာဇ်ကြီးနှင့်တကွဖြစ်တည်လာသော
နတ်သတ္တ၀ါတို့တွင် ဖူရှီနှင့်နွီဝါးနတ်မောင်နှမတို့သည် ခွန်လွန်း နတ်တောင် 崑崙တွင်
ဖြစ်တည်ခဲ့သည် ဖူရှီမှာရွှေအကြေးခွံနှင့်နဂါးခန္ဓာကိုယ်ရှိပြီး နွီးဝါးမှာငွေအကြေးခွံနှင့်မြွေခန္ဓာကိုယ်ရှိသည်
လူတစ်ပိုင်းနဂါးတစ်ပိုင်း လူတစ်ပိုင်းမြွေတစ်ပိုင်းတန်ခိုးရှင်နတ်မောင်နှမသည်
ယင်ယန်အဖိုစွန်း အမစွန်းအစွန်းနှစ်ဖက်ကို ပိုင်ဆိုင်ထားပြီး
ကမ္ဘာပေါ်ရှိနတ်သတ္တ၀ါအားလုံးတို့တွင် အစွမ်းအထက်ဆုံးဖြစ်ကာ
ဖူရှီသည် ကောင်းကင်အရှင် နွီဝါးသည်မြေပြင်အရှင်ဖြစ်ခဲ့သည်
ကာလရှည်လျားစွာတည်ရှိပြီး တနေ့တွင် မီးတောက်နှစ်ခုမှ တစ်ခုအဖြစ်သို့
ပေါင်းစည်းခဲ့သည်ကိုတွေ့ရာ ထိုမီးတောက်အောက်တွင် အကြင်လင်မယားအဖြစ်နေရန်ဆုံးဖြတ်ခဲ့သည်
ထိုသို့ကာလကြာရှည်နေခဲ့ပြီးနောက် ဖူရှီနှင့်နွီဝါးတို့သည်
ရွံနွံတို့ကိုအရုပ်အဖြစ်ဖန်ဆင်းပြီးနတ်တန်ခိုးဖြင့် အသက်သွင်းကာ
လောကပထမ လူသားတို့ကိုဖန်ဆင်းပြုလုပ်ခဲ့ကြသည်
ဖန်ဆင်းခံလူသားတို့က တန်ခိုးရှင်ဖူရှီနှင့်နွီဝါးတို့
ပထမဆုံးသောနတ်ဧကရာဇ်ကြီးများအဖြစ် အစဉ်အဆက်ကိုးကွယ်ခဲ့ကြပါသည်
တချို့မှတ်တမ်းများက ဖူရှီကိုနတ်ငှက်ဟုဆိုကြသည်
လူသားတို့၏အစ ဖန်ဆင်းရှင်နတ်များဖြစ်သဖြင့်
မွေးနေ့ မွေးဖွားရာစသည်ကိုမသိနိုင်ကြပါသော်လဲ
သမိုင်းမရှိမကိုးကွယ်ရဟူသော တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကြီးကြောင့်
ဖူရှီကို ကန်စုပြည်နယ်တစ်နေရာတွင်မွေးဖွားခဲ့သူဟူသော ပေါက်ကရသမိုင်းများ
ပေါက်ကရမွေးနေ့ရက်များသေဆုံးခုနှစ်များဖြင့် ဖော်ပြရေးသားခဲ့ပါသည်
ထိုစာများအလိုအရ ဖူရှီသည်၁၉၇နှစ်အသက်ရှည်ခဲ့ပြီး
လူတို့အားငါးဖမ်းခြင်းအမဲလိုက်ခြင်း အ၀တ်ဝတ်ဆင်ခြင်းမှစ၍
လိုက်နာသင့်သောစည်းမျဉ်းများ အတတ်ပညာများ သင်ကြားပေးခဲ့သည်
ဖူရှီသည်ပါကွ八卦အတတ်ပညာကို မြစ်ဝါမြစ်အတွင်းနတ်လိပ်ကြီး၏ကျောမှကူးယူကာ
လူတို့အားစတင်သိစေခဲ့သော ပါကွ၏အစနတ်ဘုရားအဖြစ် ရှေးကထင်ရှားခဲ့သည်
ကုချင်း 古琴ခေါ်ဗျတ်စောင်းတူရိယာကိုစတင်ပေးခဲ့သောနတ်ဘုရားအဖြစ်လဲကျော်ကြားသည်
နွီဝါးကိုလဲ ထို့အတူပင် မွေးဇာတိမွေးနေ့မွေးရက်သေရက်များ ပေါက်ကရဖန်တီးရေးသားကြသည်
နွီဝါးကိုလူတို့မိခင်နတ်ဘုရားမအဖြစ်ကိုးကွယ်သည်သာမကလောကကယ်တင်ရှင်မယ်တော်အဖြစ်လဲကိုးကွယ်ကြသည်
ရေနတ်ဘုရား ကုံကုန်း共工နှင့်ကြယ်နတ်ဘုရား ကျွမ်းရှီးတို့ စစ်ဖြစ်ရာမှ ကောင်းကင်ဒေါက်တိုင်ပြိုလဲပြီး
ကောင်းကင်ဘုံနှင့် မြေပြင်တွင်ဘေးရန်ကျရောက်ခဲ့သည်
ကမ္ဘာကြီးအမိုးပေါက်မှ ရေများစီးဆင်းကာ ကမ္ဘာတစ်ခုလုံးရေလွှမ်းကာ
လူနှင့်သတ္တ၀ါများ အတိဒုက္ခရောက်ကြရသည်
ကောင်းကင်တွင်နဂါးနက်၏မီးကြောင့်
နတ်လောကဗိမာန်များလဲပျက်စီးရသည်
နတ်လူတို့ကိုမိခင်သဖွယ်စောင့်ရှောက်တော်မူသောနွီဝါးနတ်ဘုရားမသည်မကြည့်ရက်တော့ပဲ
သစ်သားမီးမြေသတ္တုရေဟူသောဓါတ်စင်ငါးပါးပါသည့်၅ရောင်ခြယ်ကျောက်
(တချို့ကနတ်လိပ်ကြီး၏လက်ဟုဆိုသည်)ကို နွီဝါး၏နှလုံးသွေးနှင့်ပေါင်းစပ်ကာတန်ခိုးတို့ဖြင့်
ကောင်းကင်အပေါက်ကို ဖာပေးခဲ့သည်
နတ်နဂါးနက်ကိုလဲနွီဝါးမယ်တော် တိုက်ခိုက်ခြေမှုန်းပေးခဲ့ရသည်
တချို့စာများအရ ထိုမြေကြီးမှာရေကြီး ကောင်းကင်မှာမီးလောင်အဖြစ်ဆိုးကြီးကြောင့်
နတ်ခန္ဓာကိုယ်ကို ပြိုကွဲစေလျက်ကောင်းကင်အမိုးကိုဖာခြင်း
ကောင်းကင်ဗိမ္မာန်တို့ကိုပြန်လည်တည်စေခြင်းဖြင့် လူ့လောကနတ်လောကကိုကယ်တင်ခဲ့ရာ
နွီဝါးမယ်တော်၏နတခန္ဓာကိုယ်ပျက်စီးပြီး နတ်ဝိဥာဉ်သည်လဲ
အပိုင်းအစ ၁၀ပါးအဖြစ်ပြိုကွဲပြီးလောက၃ပါးတွင်လှည်လည်စောင့်ရှောက်လျက်ရှိသည်ဟု
ယူဆကြသည်
မည်သို့ဆိုစေ ဖူဇီနှင့်နွီဝါးသည် လက်ထပ်ခြင်း၏ရှေ့ဆောင်လမ်းပြ ချစ်ခြင်း၏အစ နတ်ဘုရားများအဖြစ်ထင်ရှားသည်
မောင်နှမခြင်းယူရသဖြင့် အိမ်ထောင်ပြုခါနီးတွင်နွီဝါးမယ်တော်မျက်နှာကို မြက်ဖြင့်ကာသည်ကိုအစွဲပြု၍
တရုတ်အမျိုးသမီးများလက်ထပ်လျင်မျက်နှာကိုကာထားရသည်ဟုပြောရိုးဆိုစမှတ်ရှိခဲ့ပါသည်
ဆက်ရန် .....
Credit to  天下第一

No comments: