သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာတော်
(ခေါ်)
မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်
သမ္ဗုဒ္ဓေဂါထာ ၅ မျိုးရှိသည်။သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာ (ခေါ်) မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်သည် အစွမ်းထက်ဆုံးဖြစ်သည်။ထွက်ရပ်ပေါက်သည်အထိအစွမ်းထက်သည်။ထိုဂါထာကြောင့် ထွက်ရပ်ပေါက်သူများပြားစွာရှိခဲ့သောကြောင့် 'အရှင်ရဟံ'သည် ထိုသမ္ဗုဒ္ဓေဂါထာကို ကွယ်ခဲ့သည်။တောင်တွင်းကြီးမြို့ လက်ပံကျောင်းဆရာတော်က သူ၏တပည့်ဘုန်းကြီးကျောင်းသားလေးမောင်အောင်ကို ထိုဂါထာချီးမြှင့်ပေးခဲ့သည်။၎င်းဘုန်းကြီးကျောင်းသားသည် ထိုဂါထာဖြင့်ထွက်ရပ်ပေါက်သွားခဲ့သည်။
အန္တာရာယ်နှင့်တွေ့သောအခါ (၉) ခေါက်
တစ်စုံတစ်ခုကိုလိုအပ်သောအခါ (၁၇) ခေါက်
မျက်နှာသစ်သော်ရေကို (၉) ခေါက်မန်း
ကျန်းမာရေးညံ့သော် ရေ၊အစားအစာကို (၈) ခေါက်မန်း၍စားသောက်ပါ။ထိုဂါထာကို ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါစေ။
သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာတော်
(ခေါ်)
မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဌဝိသဉ္စ၊ဒွါဒါသဉ္စ သဟဿ ကေ
ပဉ္စတဿ တ သဟာဿ နိ၊ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊နမာမိ သိရသာမဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊အာဒရေန နမာမဟံ။
နမတ္တရာ နုဘာဝေန၊ဟိတွာ သဗ္ဗေ ဥပဒ္ဒေဝေ။
အနေကာ အန္တရာယာပိ၊ဝိနဿ န္တုအသေတသော။
မီးခဲမောင်မောင်
(Myanmar Occult Page)
မှီငြမ်း-အဘမင်းသိင်္ခ၏ မရမ်းတလင်းလက်ဆောင် ဂမ္ဘီရယတြာများ
No comments:
Post a Comment