ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

9/25/2017

၃ရက်နှင့်၃ညတိတိ သရဲမြင်ရသောနည်း

 ယခုနည်းသည် ဥရောပရှိ ကလေးသူငယ်များ ဟောလိုးဝင်းနီးချိန်တွင် ကစားကြသော ရိုးရာနည်းဖြစ်ကာ အချို့လည်း တကယ်မြင်နိုင်ကြရသည်ဟုဆိုသည်။

                       သရဲများကို ၃ ရက်နှင့် ၃ ညတိတိမြင်လိုပါက ညသန်းခေါင်ယံအချိန် မိမိတစ်ဦးတည်းသာ ရှိနေသည့်အချိန်တွင် မီးများအားလုံးကိုပိတ်ကာ အစိမ်းရောင် ဖယောင်းတိုင်(၅)တိုင်ကို မီးထွန်းညှိပေးပါ။ ပြီးနောက်တွင်တော့ အနီရောင်နှင်းဆီပန်းတစ်ပွင့်မှ ပွင့်လွှာဖတ်(၅)ဖတ်ကိုချွေချကာ ထိုငါးဖတ်ကို  အစိမ်းရောင်ဖယောင်းတိုင်တစ်တိုင်းချင်းစီ၏ မီးစာတွင်တပ်ဆင်ပေးပါ။ ပြီးနာက်တွင်တော့ သင့်လက်မကို ဓားနှင့်အနည်းငယ်လှီးလိုက်ပြီးနောက် ဖယောင်းတိုင်မီးတောက်များပေါ်သို့ သွေးစက်များတစ်စက်စက်နှင့်ချပါ။ သွေးစက်များချနေချိန်တွင်တော့ မီးကို မငြိမ်းအောင် သေချာသတိထားပေးရပါမည်။ သွေးစက်များချနေချိန်တွင် အောက်ပါမန္တန်ကို ရွတ်ဆိုပေးပါ။
"God of my world and the next lend me your sight,
give the power to see things that can give people fright,
too long they've been trapped in the dark
but now let them in the light."
                     ထိုသို့ရွတ်ဆိုပြီးလျှင် ရှောက်သီး သို့မဟုတ် သံပုရာသီးတစ်ခြမ်းကို မီးတောက်များပေါ်သို့ အရည်ညှစ်ချကာ မီးများကို ငြိမ်းသက်လိုက်ပါ။ ထိုညမှ စပြီး သုံးရက်နှင့်သုံးညလုံးလုံး သရဲတစ္ဆေများနှင့် အဆက်အသွယ်ရသွားပါလိမ့်မည်။




Credit to အသင်္ခတလုလင်

No comments: