ဤ Blog သည် ထူးဆန်းထွေလာလောကီပညာ Page နှင့်သက်ဆိုင်သော Blog သာဖြစ်ပါသည်။အခြားမည်သည့် Magic အဖွဲ့အစည်းနဲ့မှပတ်သက်မှုမရှိပါ။ မီးခဲမောင်မောင်(MOP)

9/26/2017

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ထွန်းရသော ယတြာဆန်းတစ်မျိုး

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ထွန်းရသော
ယတြာဆန်းတစ်မျိုး
-မင်းသိင်္ခ-

**************************


တစ်နေ့တွင် ရွှေဘုံသာလမ်း၌ ကျင်လည်ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူရောက် လာလေ၏။ ၎င်းင်းမညိုသည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း -
"ဆရာရယ် ဒီတစ်လလုံး မညိုအလုပ်မဖြစ်ပါဘူး။ အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်။ အခုတော့ ညိုက သူတို့ကိုလိုက် ရှာနေရတယ်။ အလုပ်တွေအားလုံးကတော့ လွဲက လေးလွဲသွားတယ်။ အဲဒီလိုဖြစ်တာတွေများနေပြီ။ ညိုကို လုပ်ပေးပါဦး ..." ဟုပြောလေတော့၏။

ကျွန်ုပ်လည်း မိုးကောင်းကင်ဆီသို့ မော့၍ မျက်စိမှိတ်ထားပြီးလျှင် အာရုံတောင်းလိုက်လေ၏။

အာရုံထဲတွင် ဖယောင်းတိုင်အကြီးပေါ်၌ ဖယောင်းတိုင်အသေး ဆင့်ကာ ဘုရားစင်တွင် မီး ပူဇော်ထားသည်ကို တွေ့ရလေ၏။ မညိုသည် အိမ်သို့ပြန်သွားပြီးလျှင် ထိုနည်းအတိုင်း ပြုလုပ်လေ၏။ ထိုအခါ၌ တေ့လွဲလွဲသွားသော ကိစ္စများသည် ပြန်၍ တေ့တေ့ဆိုင်ဆိုင်ဖြစ်လာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်အား ကျေးဇူးတင်သည်ဟုဆိုကာ အချိန်မမှန်သော နံရံကပ်နာရီတစ်လုံး၊ တိုက်ဆွေး ဖြစ်နေသော မန္တလေးပိုးလုံချည် တစ်ထည်၊ မှိုတက်နေသော ငါးသုံးလုံးဆေးလိပ် တစ်တောင့်တို့ကို လာရောက်၍ ကန်တော့သတည်း။

မင်းသိင်္ခ

No comments: