ပြောင်ပြောင်လက်လက် အမွှေးတိုင်ထုပ်သော စက္ကူ၊ ကြက်ဥပြုတ်တို့ဖြင့် ပြုလုပ်ရသောယတြာဆန်းတစ်မျိုး
-မင်းသိင်္ခ-
****************
တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိုးကုတ်မြို့မှ မသွယ်ဆိုသော အမျိုးသမီးတစ်ဦးရောက်လာလေ ၏။ သူသည် ပလောင်မလေးတစ်ဦးဖြစ်၏။ ရတနာ လုပ်ငန်းနှင့် အကျိုးပေး၍ ချမ်းသာနေပြီဖြစ်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ၄င်းက -
“ဆရာရယ် ....မသွယ်ရန်ကုန်ကိုရောက် တာ တစ်ပတ်ကျော်ပြီ။ အနီတွေရော အပြာတွေ ရောပါလာတယ်။ တစ်ခုမှကို ရောင်းမထွက်သေးဘဲ ပိတ်နေတယ်။ အဲဒါလုပ်ပေးပါဦး”ဟု ပြောလေ တော့၏။ ကျွန်ုပ်လည်း မျက်နှာကို ကောင်းကင် ပေါ်သို့ မော့၍ မျက်စိမှိတ်ကာ အာရုံတောင်းလိုက် လေ၏။ ကျွန်ုပ်၏ အာရုံထဲတွင် ၎င်းင်းမသွယ်သည် အမွှေးတိုင်ထည့်သော ပြောင်ပြောင်လက်လက် စက္ကူအိတ်များကို ဖြန့်၍ သူ၏ကျောက်မျက်ရတနာ များကို ထုတ်နေသည်ကို တွေ့ရ၏။ ထိုသို့ထုတ်ပြီး နောက် ထိုရတနာများကို ကြက်ဥပြုတ်တစ်လုံးနှင့် လိုက်၍ ခေါက်နေသည်ကိုလည်း တွေ့ရပြန်၏။ မသွယ်အား ပြောပြလိုက်လေ၏။ မသွယ်သည် ကျွန်ုပ်အိမ်မှ ထွက်သွားပြီးလျှင် ပြောင်ပြောင်လက် လက်စက္ကူဖြင့် ထည့်ထားသော အမွှေးတိုင်များကို ၀ယ်လာလေ၏။ သူသည်သူ၏ရတနာများကို အမွှေး တိုင်စက္ကူဖြင့် ထုတ်နေလေ၏။ ထိုသို့ထုတ်ပြီးနောက် လက်ဖက် ရည်ဆိုင်မှ ၀ယ်လာသော ကြက်ဥပြုတ် ဖြင့် ထွက်ထွက်ဟုဆိုကာ ခေါက်နေလေ၏။
ထိုသို့ပြုလုပ်ပြီးသည်နှင့် ကျွန်ုပ်အား နှုတ် ဆက်၍ ၎င်းင်းတည်းခိုသော အိမ်သို့ ထွက်ခွာသွား လေတော့၏။ နောက်တစ်နေ့ နေ့လယ်တွင် မသွယ် ပြန်ရောက်လာပြန်၏။ ထိုအခါ ကျွန်ုပ်က -
“ဘယ်လိုလဲ မသွယ် ...”ဟုမေးလိုက်ရာ ၎င်းက -
“အဆင်ပြေပါတယ် ဆရာ ...။ ဒီမနက်ပဲ အားလုံးထွက်ကုန်ပြီ။ အဲဒါကြောင့် ကျွန်မဒီညနေ ပြန်တော့မယ်။ ဆရာ့ကိုလာပြီး နှုတ်ဆက်တာပါ”ဟု ပြောပြီးလျှင် ကျွန်ုပ်အား ငွေများ ထိုက်ထိုက်တန်တန် ကန်တော့၍ သွားလေ၏။
ထိုအချိန်မှစ၍ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ ရောက်လာသော ရတနာကုန်သည် ကျောက်ပွဲစားတို့ အား ဤယတြာကိုပင် ပြုလုပ်ဆောင်ရွက်ပေးခဲ့လေ ၏။ ထိုသို့ပြုလုပ်ပေးရာတွင် မအောင်မမြင်ဖြစ်သည် ဟု ကျွန်ုပ် မမှတ်မိပါ။
ထို့ကြောင့် အရေးရှိက သုံးနိုင်ရန်အတွက် ကောင်းကင်မှ ယတြာနည်းကို ဖော်ပြလိုက်ရလေ တော့သတည်း။
မင်းသိင်္ခ
No comments:
Post a Comment